နာနေသောရင်ကို လျစ်လျူရှု၍ သမားတော်
တယောက်၏တာဝန်တို့ကို ထမ်းဆောင်ရန်
သူ အိပ်ယာမှ ထလိုက်သည်လူတယောက်က ကိုယ့်အတွက်ဘယ်လောက်
အရေးပါမှန်းသိချင်ရင် သူနဲ့အဝေးမှာ
နေကြည့်ပါ ဟု ကြားဖူးခဲ့သည်နီးကပ်နေတုန်းကတော့ Tian Ling နဲ့သူက
Zhan Yangလောက်တောင် တရင်းတနှီး
အရောတဝင်ရှိမနေခဲ့ပေမယ့် ဝေးကွာသွားတဲ့
အချိန်မှာ တခြားသူတွေထက်ပို
လွမ်းဆွတ်နေရသူဟာ
ဘာကြောင့် သူ ဖြစ်နေပါသလဲဆေးမြစ်တွေနဲ့ဆေးရွက်တပုံတပင်ကို
အသက်မဲ့သူပမာသယ်လာတဲ့သူ့ကို Zhan
Yangက ဘာဖြစ်လာသလဲဟုမေးသော
အခါတွင်''ပြန်သွားပြီ''ဟု တခွန်းသာဆိုနိုင်ခဲ့ပါသည်
ဆေးခန်းလာသမျှ လူတွေကလဲ နှစ်လိုဖွယ်
အပြုံးပိုင်ရှင်လူချောအား မတွေ့မိသည်နှင့်
မေးကြပြန်သည်
ပြန်ဖြေချင်စိတ်တောင် မရှိသော သူ့ကိုယ်စား
Zhan Yangကသာ စကားလှအောင်
ဖြေတတ်သလို ဖြေပေး၏''ဘယဆေးတွေ အပုံလုပ်ထားတာ အဆင်
ပြေရဲ့လား သမားတော်
ကိုယ် စပ်ထားတာ မှန်ရဲ့လား''အသံလာရာကို ကြည့်မိတော့
အိမ်ရှေ့ခန်းက စားပွဲခုံပေါ် ဆေးမြစ်တွေ
ဖြတ်ရင်း အပုံလေးတွေ လုပ်နေသော
Tian Lingလှိုက်ခနဲ လှုပ်ရှားလိုက်သော နှလုံးသားနှင့်အတူ တောင့်တစွာပြန်ကြည့်မိတော့
မျက်စိရှေ့က ပုံရိပ်ယောင်သည် မှိန်ဖျော့ကာ
ပျောက်ကွယ်သွား၏နာ၏
ရင်ထဲက နာ၏
ဝေးကွာခြင်းဟူသော ပြယုဒ်သည်
လူကိုနှိပ်စက်၏လွမ်းဆွတ်ခြင်းဟူသော ဝေဒနာက နှလုံးသားကို ထွင်းဖောက်၏
ကျလုကျခင် မျက်ရည်စတို့ကို
ဝေ့သိမ်းမိတော့ အနားမှာရှိသည့် Zhan Yangက သူ့ခါးကိုဖက်၍ ဆိုလာသည်''ငိုချင်ငိုချလိုက်ပါ Ge
Ling Geကို ကျွန်တော်လည်းလွမ်းတယ်''ပွေ့ဖက်မှုလေးတခုက ရ ရှိသော အနွေးဓာတ်
ငွေ့ငွေ့လေးသည် တဆစ်ဆစ်နာနေသော
နှလုံးသားအား လုံလောက်သော နွေးထွေး
နှစ်သိမ့်မှု မပေးနိုင်ခဲ့ချေ
YOU ARE READING
အချစ်ဆိုတဲ့အရာ( ရပ်နား )
Historical FictionFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...