လေပြေနှင့်အတူ
ဝေ့ဝဲလာသည့်
အတောင်ဖြန့်ပျံသန်းနေသော
သွေးစွန်းနေသော ငှက်တကောင်သို့သော်လည်းပဲ သွေးရောင်ရဲရဲကမ္ဗလာ
သည်ကား လက်ပံပွင့် ကမ္ဗလာသည်သာ
ဖြစ်လျက်တချက်တချက်ဝေ့ဝဲတိုက်ခတ်သော
လေနတ်သားသည်
တခါတရံ လေပွေအသွင်ယူလျက်ပတ်ဝန်းကျင်ကို ထိုးခွဲလာသော
အနွေးဓာတ် သည် အပူငွေ့တခုအဖြစ်
ကမ္ဘာမြေကို လွှမ်းခြုံလျက်ရာသီ၏သမီးပျိုအဖြစ် အမှတ်သညာ
ပြုသော ဥသြပျိုသည်
သစ်ခြောက်ပင်အိုကို အဖော်ပြုလျက်အဝေးတနေရာမှ ပျံ့လွင့်လာသော
ချိုးကူသံသာသည် သူ့ကြင်ဖက်အား
တမ်းတနေလျက်ရွှေဝါရောင် ရွက်ကြွေတို့သည်
ကမ္ဘာမြေကို ဝါဝါဝင်းဝင်းအလှဆင်လျက်တိုးဝှေ့ကျီစယ်တတ်သော
လေပြေသည် နွေဦးရနံ့အားသယ်ဆောင်
လျက်ရွှေရောင်သူရိယမင်းကြီးသည်လည်း
ကမ္ဘာမြေအား ထွေးပွေ့ထားလျက်ပတ်ဝန်းကျင်အားတွေဝေငေးမောနေသူ
သည် နွေဦးအားကြိုဆိုငံ့လင့်နေသော
ကျွန်ုပ်သည်သာ ဖြစ်လျက်...''ဘာလဲ ဒါက ကဗျာလား စာချိုးလား''
မေးသံကို တုံ့ပြန်လာသည်က လှည့်ကြည့်လာ
သောမျက်ဝန်းညိုညိုများ''နှစ်ခုစလုံးထင်တယ်'' ပြန်ဖြေလိုက်သံ
သည်လည်း မတိုးမကျယ်''ဘယ်လို နှစ်ခုလုံးလဲ တခါမှမကြားဖူး
မတွေ့ဖူးဘူး
နန်းတွင်းစာပေပြိုင်ပွဲ ပထမဆုရှင်
မင်းရဲ့အရေးအသားကကဗျာမှန်းမသိ
စာချိုးမှန်းမသိတဲ့ဟာပေါ့ ဟုတ်လား''
ပြောရင်း
ခပ်ဟဟရယ်ကာ အနားကို လျှောက်လာသူခပ်လှမ်းလှမ်းကကြည့်တာတောင်
ဖြူဖွေးဝင်းမွတ်နေသော အသားအရည်
သည်ထင်းလင်းလျက်
သာမန်အရပ်သားလိုဝတ်စားလာပေမဲ့
သစ်လွင်
ကောင်းမွန်သော ပိုးထည်မှန်းသိသာစေသည်
ပဝါအပါးစ တပ်ထားသော ဦးထုပ်သည်
မျက်နှာတဝက်လောက်ကို ဖုံးအုပ်နေပေမဲ့
ချယ်ရီရောင်နှုတ်ခမ်းတို့က ထင်ရှားလွန်းလှသည်
YOU ARE READING
အချစ်ဆိုတဲ့အရာ( ရပ်နား )
Historical FictionFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...