တောင့်တမှုတို့ ကိုယ်ထင်ပြခြင်း

4.5K 382 39
                                    


''Maeရွာနားရောက်ပါပြီ
ဟောဒီ ချိုင့်ဝှမ်းထဲမှာရှိတာပါ အရှင်မင်းကြီး''

အောက်ခြေကို လှမ်းငုံ့ကြည့်ပြီး လျှောက်တင်
လာသော Tian Ling

''ကျွန်တော်မျိုးသမားတော်ကိုသွားရောက်
ပင့်ဆောင်လိုက်ပါ့မယ် '' လျှောက်တင်အပြီး
သွားရန်ဟန်ပြင်နေသော Tian Lingအား
သူလက်မှဖမ်းဆွဲထားလိုက်ပြီး

''ကိုယ်တော်နဲ့အတူတူသွားမယ်''

''ဒါပေမဲ့ အရှင်မင်းကြီး ''

''ရှူး ကိုယ်ရံတော် Yue လဲအတူလိုက်ခဲ့
မှာပဲ ဘာမှပြောမနေနဲ့တော့''

ချောက်နက်ကြီးထဲက ချိုင့်ဝှမ်းလေးထဲတွင်
လူနေရွာငယ်လေးရှိနေမည်မထင်ခဲ့

သူတို့ကတော့ တောင်ကုန်းပေါ်မှ Maeရွာ
တည်ရှိရာ ချိုင့်ဝှမ်းထဲထိစီးဆင်းသွားသော
စမ်းချောင်းလေးအတိုင်း စုန်ဆင်းခဲ့ကြသည်
သုံးယောက်စလုံး၏ ကိုယ်ခံပညာသိုင်းက
အဆင့်နိမ့်သည့်အထဲ မပါသောကြောင့်
တောတွင်းလမ်းကြမ်းများက သူတို့အတွက်
ဂရုမူစရာ မဟုတ်ပေ

''လူသူမနီးရွာငယ်လေးထဲနေထိုင်ကြသူ
တွေဖြစ်တာမို့ အရှင်မင်းကြီးအပေါ်မတော်တဆမရိုမသေပြုမူမိတာတွေရှိလာရင်
ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ အရှင်မင်းကြီး''

ဟိုမရောက်ခင်ကပင် ကြိုတင်တောင်းပန်
နေသော Tian Lingမျက်နှာအားသူ စေ့စေ့
ကြည့်မိသည်

''ကိုယ်တော်က မင်းအသက်သခင်
ကျေးဇူးရှင်တွေကို ရန်မူလိမ့်မယ်လို့ပဲ
မင်းယုံကြည်ထားတာလား Tian Ling"

သူမေးမိသည်
Tian Ling သူ့အပေါ် ဘယ်လိုမြင်နေပါသလဲ
တွေ့ရာလူသတ်ဖြတ်နှိမ်နင်းသည့်
ရက်စက်သော စစ်ဘုရင်
ဒီလိုလူမျိုးလား

စစ်ဘုရင်မှန်ပေမဲ့လို့ ဤအရာများသည်ကား
တိုင်းပြည်အကျိုးအတွက်လုပ်နေခြင်းပင်
ယခုတော့ Tian Lingက သူ့ကိုရက်စက်
ယုတ်မာတတ်သော ဘုရင်တပါးဟု တွေးထင်
မှတ်ယူထားပုံပင်

သိပ်တော့မဆန်းပေ
သူမပေးချင်သောအရာကို အတင်းရယူသိမ်း
ပိုက်ခဲ့သူက ကိုယ်ပဲဖြစ်နေသည်လေ

အချစ်ဆိုတဲ့အရာ( ရပ်နား )Where stories live. Discover now