[Unicode]ပြန်လည်ရှင်သန်ခြင်းဝိရောဓိ

76 6 0
                                    


ဒဏ်ရာတွေကို ဆေးတွေထည့်ရင်း
ပတ်တီး ပြန်စည်းနေတုန်း

''သမားတော် သမားတော်''

သူ့ကိုလုပ်ပေးနေရာမှ
အသံလာဘက်သို့ လှည့်ကြည့်သည်

''သမားတော်လေး လုပ်ပါဦး ကျွန်တော့်အမေ ပိုးထိလို့''

''ဟုတ်လား Zhan Yang သူ့ကို ဆက်လုပ်ပေးထားလိုက် Ge သွားဦးမယ်''

အလျင်စလို ထွက်သွားသောခရမ်းနုရောင်
ပုံရိပ်လေးကိုငေးကြည့်နေမိသည်
သူ့ဒဏ်ရာ ပတ်တီးစည်းတာကို
Zhan Yangဆိုသောကောင်လေးက
ဆက်လုပ်ပေးနေသည်
ရေနွေးနဲ့ပြုတ်ထားသောအဝတ်တို့ဖြင့်
ဒဏ်ရာတွေကို သန့်စင်ပေးနေတာ
ခပ်ဖွဖွဖြစ်ပေမဲ့ ထိရောက်တဲ့
သန့်ရှင်းပေးမှုဖြစ်သောကြောင့်
သူပြုံးနေမိသည်

''Zhan Yangလဲ သမားတော်ပဲလား''

သူမေးလိုက်တော့ ထိုကလေးက မော့ကြည့်လာကာ

''သမားတော်တော့ မဖြစ်သေးပါဘူး Ying Fang Ge
ကို ကူညီရင်း သင်ယူနေဆဲပါပဲ''

''ဖြစ်ချင်တဲ့ ဆန္ဒရှိတယ်မလား''
သူမေးလိုက်တော့
ထိုကလေးက ခဏကြောင်သွားပြီးမှ
ခေါင်းငြိမ့်ပြသည်

''ဒါဆို ဖြစ်အောင်ကြိုးစားပါ ဖြစ်လာမှာပေါ့''

သူပြောတော့ ထိုကောင်လေးက ပြုံးနေသည်

''ခုတောင် ဒဏ်ရာတွေနဲ့ လဲနေသူက မင်းကို အားပေးစကားပြောနေတော့ ရယ်စရာများကောင်းနေလား''
သူပြောလိုက်တော့ ခေါင်းခါကာ ရယ်နေရင်း

''Fang Fangလဲအဲ့လို ပြောတယ် တကယ်ဆန္ဒရှိပြီး
ကြိုးစားရင် မဖြစ်နိုင်တာမရှိဘူးတဲ့''

တကယ်ကြိုးစားရင် မဖြစ်နိုင်တာမရှိဘူး..
သူတော့ ကြိုးစားခဲ့ပါသည်
သူ့နှလုံးသားဆန္ဒအရ နေထိုင်နိုင်ဖို့
ဘဝကို လွတ်လပ်အေးချမ်းစွာ ရှင်သန်နိုင်ဖို့
သူကြိုးစားခဲ့ပါသည်
သို့သော် ကြိုးစားမှုက အရာမထင်ခဲ့ပေ
မည်သူမည်ဝါကို အပြစ်မဖွဲ့လိုသော်လည်း
မိုးနတ်မင်းကိုတော့ အယူခံဝင်ချင်လေသည်

သူတကယ်ပဲ ဘဝကို အေးချမ်းစွာ
ဖြတ်သန်းနိုင်ဖို့အခွင့်အရေးမရှိတော့ပြီလား ဟု

အခ်စ္ဆိုတဲ႔အရာ( ရပ္နား )Where stories live. Discover now