(Unicode)သီတာမည်သား ရင်ခွဲမည့်ဟန်

133 6 7
                                    

တဖြည်းဖြည်း သက်သာလာပေမဲ့ အကူအညီမပါပဲ
မလှုပ်ရှားနိုင်သောကြောင့် ကုတင်ပေါ်
ခပ်လျောလျောမှီရင်းနဲ့သာ
ဘေးနားက လုပ်နေသမျှကို
လိုက်ကြည့်နေမိသည်
Zhan Yangက ဆေးတဖိုကျို ရေနွေးတဖိုကျို
ရင်း အဝတ်တွေလျှော်နေတုန်း
သမားတော်ဆိုသည့် ကိုယ်တော်လေးက
ဆေးမြစ်တွေကို ဖြတ်တောက်ရင်း
တခါသောက်စာ
အဖုံလေးတွေလုပ်နေသည်

''ကိုယ် ကူညီနိုင်တာရှိရင် ကူညီပါရစေ''

ဆေးတွေလုပ်နေရင်းမှ သူ့ကို
မျက်လုံးတချက်လှန်ကြည့်ကာ

''နေပါ လူနာကလူနာလိုနေစမ်းပါ
ခင်ဗျားမသက်သာရင် ကုပေးထားရတဲ့
ကျွန်တော်
သိက္ခာကျတယ်'' ဘုဆတ်ဆတ်ပြောသံ
ကြောင့်သူပြုံးမိသည်

''Fang Fang ရေနွေးဆူပြီ''
ရေနွေးအိုးကိုင်ကာZhan Yang ဝင်လာသည်

''အင်း Geကိုပေး နေပါဦး ဘာFang Fangလဲ
ကောင်စုတ်လေး''
ရေနွေးကို လက်လွှဲယူပြီး
စိုက်ကြည့်လိုက်တော့ Zhan Yangက
သွားဖြဲလေးနဲ့ရယ်ပြလေသည်

''ဟိုလူကြီး အကျၤီချွတ်''
သူ့ဘက်လှည့်ကာ ပြောလိုက်
ပေမဲ့ရုတ်တရက်မို့ကြောင်သွားလေသည်

''ဘာတွေကြောင်ကြည့်နေတာလဲ
ခင်ဗျားရေပတ်တိုက် ခေါင်းလျှော်ရမယ်
တနေ့ကလည်း လူနာတွေ
ကျနေလို့ မလုပ်ဖြစ်ဘူး''

''သြော် ရပါတယ် ကိုယ့်ဘာသာလုပ်ပါမယ်''

''စကားကလဲရှည်လိုက်တာ Zhan Yang သွားချွတ်ပေးလိုက်''
စိတ်မြန်လက်မြန်ပင် ရေနွေးစပ်နေလေသည်

Zhan Yangလဲ မနိုင်ဘူးဟု
ခေါင်းခါပြကာ သူ့ကို
လာချွတ်ပေးလေသည်
နှစ်ယောက်ပေါင်းကာ ရေပတ်တိုက်ပေးပြီး
ဒဏ်ရာတေးထည့် ပတ်တီးများပြန်စည်းကာ
အကျၤီပြန်ဝတ်ပေးကြသည်

''Zhan Yang ဟင်းတွေ ပြန်နွေးလိုက်ပါဦး
Geတို့ ထမင်းစားရအောင်
ဒီလူ့အတွက် ဆန်ပြုတ်ကိုပါနွှေးလိုက်နော်''

''ဟုတ်''

မီးဖိုချောင်ထဲ ပြေးဝင်သွားသော Zhan Yang
ကျောပြင်ကို ငေးရင်း

''Zhan Yangက လူကြီးဆန်ပြီး လိမ္မာတယ်နော်
ဒီလိုညီမျိုးရှိတာ ကံကောင်းတာပဲ''

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: May 14, 2020 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

အခ်စ္ဆိုတဲ႔အရာ( ရပ္နား )Kde žijí příběhy. Začni objevovat