အိပ်မက်ရိပ်ယောင်

3.3K 370 17
                                    


အသံဗလံတွေကြားရသောကြောင့် သူ
လေးကန်လှသော မျက်ခွံများကို
အားယူဖွင့်လိုက်သည်

သူ့ မျက်နှာကို စိုးရိမ်တကြီး ငုံ့ကြည့်နေသော
မျက်လုံးဝိုင်းဝိုင်းလေးများနှင့်
ဖြူနုနုမျက်နှာလေးတခုကို တွေ့လိုက်ရသည်

''ဒီမှာ အဆင်ပြေရဲ့လား''

ခပ်ချိုချို သြရှရှ အသံလေးကို မတုံ့ပြန်နိုင်ခင်
အေးစက်နေသော သူ့တကိုယ်လုံးက နာကျင်မှုကို ခံစားလိုက်ရပြီး စိတ်တို့က
အမှောင်ကမ္ဘာထဲ ရောက်ရှိသွားသည်...

သူ နိုးလာတော့ အိပ်ရာတခုပေါ်ရောက်
နေသည်
ထလိုက်တော့ စူးကနဲအောင့်မျက်နာကျင်သွားခြင်းနှင့်အတူ
လူက ယိုင်ခနဲဖြစ်သွားသည်

''ခင်ဗျားမထသေးနဲ့ဦးလေ ဒဏ်ရာတွေက
မသက်သာသေးဘူး''

သြရှရှခပ်ချိုချိုအသံကို ကြားလိုက်ရတော့သူ မော့ကြည့်လိုက်သည်
မိုးပြာရောင်နုနုဝတ်ရုံကိုဝတ်ဆင်ထားသည့်
ဖြူနုနုပုံရိပ်လေးတခု

အနီးကပ်ကြည့်လိုက်တော့

နီရဲနေသည့်နှုတ်ခမ်းလေးများ

မျက်လုံးဝိုင်းဝိုင်းလေးများနှင့်
ပါးဖောင်းဖောင်းလေးကို မြင်ရသည်

ပခုံးကျော်ကျော်ဆံနွယ်ရှည်လေးရဲ့ အပေါ်ယံတဝက်ကို ကျစ်ဆံမြီးခပ်ဖွဖွလေးကျစ်ထားသည်

နုနယ်၍ချစ်ဖွယ်ကောင်းသော
ပုံသဏ္ဍာန်ရှိသည့် မိန်းမပျိုတဦးပင်

သူအားတင်းကာ ထရပ်လိုက်သည်
သူအသက်ရှင်နေလိုစိတ်မရှိပေ
သူ့အလောင်းမတွေ့သရွေ့
မင်းကြီးကလက်လျှော့မည်မဟုတ်ပေ
အဲ့လိုဆို လူအများဒုက္ခရောက်ပေမည်
သူလဲ ဒုက္ခရောက်မည်ပင်

အသက်ရှင်နေထိုင်ကာ သူမုန်းသောစစ်သူကြီးဘဝဖြင့် စစ်ပွဲတွေကြား ထပ်ပြီးသွေးမစွန်းလိုပေ
ဒါမှမဟုတ်လဲ ယောက်ျားရင့်မာကြီးဖြစ်လင့်ကစား
မင်းကြီး၏ရင်ခွင်ထဲတွင်နေကာ တီတီတာတာချွဲနွဲ့သာယာနေသော ဘဝမျိုးကို ပိုလို့တောင်မလိုချင်ပေ

ထိုဘဝမျိုးတွေကလွတ်မြောက်ဖို့ သူ့မှာလုပ်ရန်တခုသာရှိသည်

အချစ်ဆိုတဲ့အရာ( ရပ်နား )Opowieści tętniące życiem. Odkryj je teraz