လူကချည်နဲ့နဲ့ ဒဏ်ရာတွေဗလပွနဲ့ ခေါင်းမာစွာ ထွက်သွားသူကို စိတ်ပူစွာလိုက်ကြည့်မိသည်*လူကိုများ မိန်းကလေးတဲ့*
တကယ်ပဲ မိန်းကလေးနဲ့တူနေလို့လားဟု
ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်မိတော့ ကျစ်ဆံမြီးကို ခပ်ဖွဖွထိမိရင်း
မျက်မှောင်ကျုံ့ မိသည်
လူတိုင်းက သူ့ကိုဆို မိန်းကလေးနဲ့ မှားကြသည်"Zhan Yang ဟိုလူဘယ်ထွက်သွားလဲ မြင်မိသေးလား"
ခြောက်နှစ်အရွယ်ထိုကောင်လေးက သူ့ကို
မြင်တော့
ပြေးလာတာမြင်သဖြင့် လှမ်းမေးလိုက်ခြင်းပင်''အဲ့တာပြောမလိုပဲ ဟိုလူကြီး သားရဲကျင်းဟောင်းတွေရှိတဲ့ဘက်သွားတာ မြင်လိုက်တယ် အစက မဟုတ်ဘူးထင်နေတာ မျက်နှာမြင်လိုက်လို့''
*ဟာ ဒုက္ခပါပဲ ဒီလူနဲ့တော့*
ဒဏ်ရာဒဏ်ချက်တွေနဲ့မို့ အဲ့ကျင်းထဲ
ကျသွားရင်မလွယ်
မုဆိုးတွေတူးထားတဲ့ သားကောင်ထောင်
ကျင်းတွေပေမဲ့ မသုံးတော့တာမို့ တိမ်နေပါပြီ
သို့သော် ထိုသူကျသွားရင် ပြန်ဆွဲတင်ဖို့က
လွယ်တာလဲမဟုတ်
သူအပြေးလေး သွားမိစဉ် ထင်သည့်အတိုင်း
ကျင်းတခုထဲမှာ သွေးအိုင်ထဲလဲနေသော
ထိုသူကြောင့်''ကျစ် ထင်တဲ့အတိုင်းပဲ Zhan Yang ရွာထဲက လူနှစ်ယောက်လောက်အမြန်သွားခေါ် ငါ သူ့ကို ကြည့်ထားလိုက်မယ်''
''တယောက်ထဲရပါ့မလား Fang''
''ရတယ် မြန်မြန်သွား မှောင်လာရင်
အကောင်တွေဝိုင်းလာလိမ့်မယ်''မတတ်နိုင် ကိုယ်ပါတွင်းထဲခုန်ဆင်းပြီး
သူ့အခြေအနေကြည့်ရတော့သည်အခြေအနေက သိပ်မကောင်းပေ
ကိုယ်ငွေ့နွေးနွေးရှိနေပေမဲ့
သွေးထွက်လွန်နေသည်
ဖြူပြာပြာ နှုတ်ခမ်းများနှင့် ဖျော့တော့နေသော အသားအရည်ကြောင့် သက်ရှိလူသားတဦးနှင့်ပင်မတူတော့ခြေထောက်တဖက်လဲ ကျိုးသွားပုံပင်
နဂိုမြှားဒဏ်ရာတွေလဲကွဲပြီး သွေးတွေ စိမ့်ကျနေသည်ဒီလောက် ဖြစ်နေတာတောင် ဘာကြောင့်များ
အလောတကြီးထွက်ခွာသွားချင်နေရပါသလဲ
ВЫ ЧИТАЕТЕ
အချစ်ဆိုတဲ့အရာ( ရပ်နား )
Исторические романыFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...