လွတ်မြောက်ခွဲခွာရခြင်း အကြောင်း

3.7K 423 9
                                    


သူ ချပ်ဝတ်တန်ဆာတွေကို နေရာတကျသေချာဝတ်ဆင်ပြီးနောက် အိမ်အပြင်ဖက်ကို ထွက်လာလိုက်သည်

''Tian Ling''

"ကိုကြီး''
အမေနဲ့ညီမလေးက သူ့ကိုစောင့်နေကြသည်

''Tian Ling ဒါလေးဆွဲထား အမေ မနေ့က ဘုံကျောင်းကို သွားဆုတောင်းပြီးယူခဲ့တာ''

အနီရောင် ကြိုးကို သူ့လည်ပင်းမှာ
ဆွဲပေးလိုက်သည်
သူရယ်လိုက်ကာ

''စိတ်မပူပါနဲ့ အမေ သားအန္တရာယ်ကင်းကင်းနဲ့ပြန်လာမှာပါ''

''ကိုကြီးအန္တရယ်ကင်းဖို့ ညီမလေး အမြဲဆုတောင်းပေးနေမယ်နော်''

''လိမ္မာတယ် အမေ့ပြောစကားလဲ
နားထောင်နော်''

''ဟုတ်ကဲ့ပါ ကိုကြီးရဲ့''

''ကဲ Lin Sang မြင်းပြင်ပြီးပြီလား''

''ဟုတ်ကဲ့ သခင် အဲ အကိုကြီး''

သူ မြင်းပေါ်တက်လိုက်ပြီး စစ်ထွက်အခမ်းအနားသို့ ချီတက်ခဲ့လေသည်

''Tian စစ်သူကြီး တပ်ဖွဲ့တွေ အသင့်ဖြစ်ပါပြီ''

သူ တပ်ဖွဲ့တွေကို လှည့်လည်ကြည့်ရှုစစ်ဆေးလိုက်သည်

''စစ်မထွက်ခင် နောက်ဆုံးတခေါက်ပြောမယ်
နာမကျန်းဖြစ်တဲ့သူတွေ ကျန်ခဲ့ပါ
ခရီးစဉ်ကို အနှောင့်နှေးမခံနိုင်ဘူး
ရိက္ခာတွေကို လေးပင်တဲ့ဟာတွေ
လျှော့ပစ်ခဲ့ပါ
သယ်ရပေါ့ပါးလွယ်ကူတဲ့ ရိက္ခာခြောက်တွေ များများသယ်ခဲ့ကြ
သွားတိုက်ရမဲ့ဒေသ ရေမြေအနေအထား
ကြမ်းနိုင်တယ် ရိက္ခာပြတ်လပ်မှု မဖြစ်စေလိုဘူး
နားလည်ရဲ့လား''

''နားလည်ပါတယ် စစ်သူကြီး''

''မင်းကြီး ကြွချီတော် မူလာပါတော့မည် စစ်ထွက် အခမ်းအနားအတွက် အသင့်ပြင်ပါ''
ဆော်သြကြေညာသံကြောင့်

''တပ်ဖွဲ့ နေရာယူ
စစ်ထွက်ဖို့အသင့်ပြင်ထားကြ''
သူ အမိန့်ပေးပြီး တပ်ဖွဲ့ရှေ့တွင်နေရာယူလိုက်သည်

''မင်းတရားကြီး ကြွချီတော်မူလာပါပြီ''

''မင်းတရားကြီး သက်တော်ရာကျော်ရှည်
ပါစေ''
တပ်စု နှစ်စု၏ အရိုအသေပြုသံက နန်းတော် အရှေ့စစ်ဂိတ်တခုလုံးကို လွှမ်းသွားလျက်
*****
အရှေ့ဘက် စစ်ဂိတ်ကွင်းပြင်တခုလုံး တပ်စုနှစ်စုဖြင့် ပြည့်လျှံနေသည်
တပ်စု တစ်စုဆီ၏ရှေ့တွင် ငွေရောင်သံချပ်ကာ စစ်ထွက် အဆင်တန်ဆာအစုံအလင်ဝတ်ထားသော လူတယောက်ဆီက နေရာယူထားသည်

အချစ်ဆိုတဲ့အရာ( ရပ်နား )Donde viven las historias. Descúbrelo ahora