ဂုဏ်ပြုပွဲမှပြန်လာပြီး
လူကခေါင်းတွေကိုက်နေသည်
တညလုံး အိပ်ပစ်လိုက်ကာ နားနေလိုက်သည်
နောက်သုံးရက်နေရင် ကျင်းပမယ့် သူရဲကောင်းဘွဲ့ ခန့်အပ်ချီးမြှင့်ပွဲတွင်လည်း
ခေါင်းကိုက်ဦးမည်ပင်နှစ်ရက်လောက်က ဓားသိုင့်ကျင့်ရင်း အနားယူရင်းနှင့်ပင် အေးဆေးစွာ ကုန်ဆုံးသွားသည်
သုံးရက်မြောက်နေ့ရောက်ပြီ
မနက်ဖြန်ဆိုလျှင် သူ သူရဲကောင်းဘွဲ့ချီးမြှင့်ပွဲ တက်ရောက်ရပေဦးမည်
သက်ပြင်းဖွဖွပဲချမိသည်
ထိုပွဲက သူ့အတွက်ကောင်းတာမရှိပေ''Tianသခင်လေး''
သူ ပန်းပင်တွေကို ကိုင်းဖြတ်ပြုပြင်နေရင်း အသံလာရာသို့ လှည့်ကြည့်လိုက်သည်
သူရဲ့ လက်ထောက် Lin Sang''Lin Sang ငါ့ကို သခင်လေးလို့ မခေါ်ဖို့ ဘယ်နှစ်ခါပြောရမလဲ''
''ဒါပေမဲ့ သခင်က Tian အိမ်တော်ရဲ့ သခင်လေးလေ''
''Tian အိမ်တော်ရဲ့ သခင်က ငါ့အဖေ
ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါက ငယ်ငယ်လေးကတည်းက ညီအကိုလိုနေလာကြတဲ့သူတွေ မင်းဟာ ငါ့ညီပဲ ငါ့ကို အကိုကြီးလို့ပဲခေါ်ရမယ်
ကြားလား''''ဒါပေမဲ့•••''
သူ မျက်မှောင်ကျုံ့ကြည့်လိုက်တော့ ဆက်မပြောတော့ပေ
''ဘာပြောစရာရှိလို့လဲ Lin Sang''
''ကျွန်တော်ပဲ ဒီအလုပ်တွေ လုပ်ပါ့မယ် သခင် အဲ အကိုကြီး နားပါ''
''မလိုပါဘူးကွာ ငါ နှစ်သက်တဲ့အလုပ်ကို ငါလုပ်နေတာပဲ မင်းကငါ့ကိုပဲဘေးက ကူညီပါ''
''ဟုတ်ကဲ့''
''ကိုကြီး ကိုကြီး''
ခေါ်သံစူးစူးလေးနဲ့ တဖတ်ဖတ်ပြေးလာသံကြောင့်
နှုတ်ခမ်းတွေက ပြုံးမိသွားသည်
ဘယ်သူမှန်းမေးစရာမလို
သူ့ရဲ့တဦးတည်းသော
ညီမငယ်မနိုင်စိန်လေး Tian Xing''ကိုကြီး ဘာတွေလုပ်နေတာလဲ''
''မကြာခင် ဆောင်းဝင်တော့မယ်လေ အပင်တွေက အရွက်နုတွေ ထွက်လာတော့မယ် ကိုင်းတွေဖြတ်ပြီးပြုပြင်နေတာ''
''အော်''
''ညီမလေး ဘယ်တွေသွားနေတာလဲ''
'' Mei Mei တို့နဲ့ဈေးကိုလိုက်သွားတာ''
CZYTASZ
အချစ်ဆိုတဲ့အရာ( ရပ်နား )
HistoryczneFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...