နေ့ရက်တွေက တဖြည်းဖြည်း
ကုန်ဆုံးလာသည်နှင့်အမျှ
Zhan Yang အခေါ် Ling Ge
ဆိုသူ ထိုလူကြီး Tian Lingနဲ့
သုံးယောက်သား
နေရတာအံဝင်ခွင်ကျဖြစ်လာသည်
နေ့စဉ်လုပ်ငန်းဆောင်တာများတွင်
သူ့အကူအညီအမြဲပါတောင်နေလေပြီဆေးမြစ်တွေကို ဖြတ်သည့်အခါ
ဘယဆေးအဖုံတွေကို လုပ်သည့်အခါ
ငယ်ငယ်လေးကတည်းက ဆေးပညာသင်ကာ
သမားတော်လုပ်သည့် သူ့လောက်နီးနီးပင်
ထိုလူက ကျွမ်းကျင်လေသည်အလုပ်တခုလုပ်ပြီဆိုလျှင်လည်း လုပ်နေသည်
ဟုတောင်မထင်ရ ငြင်သာသိမ်မွေ့ပုံက
ဘာသံမှလဲမထွက် သိပ်လှုပ်လှုပ်ရှားရှား
ဖြစ်နေတယ်လို့ရယ်မရှိကိုယ်တွေ လုပ်လျှင်တော့ တအိမ်လုံး
ငလျင်လှုပ်သည့်နှယ် အုန်း ဒိုင်း ခွမ်း ခနဲ
မည်ကာ သောင်းကျန်းနေသည့်အနှယ်ဒီလို လျှမ်းလျှမ်းထ လုပ်နေကိုင်နေတာ
တောင် မိန်းကလေးနဲ့တူသည်ဟု
အပြောခံရသေးသည်
ဒီလို အသံတခုမှ မထွက်ပဲ ငြင်သာ သိမ်မွေ့စွာ
အလုပ်လုပ်နေသူကျ
ဘယ်သူမှမိန်းမဆန်သည်ဟု မထင်ကြအင်းလေ ရုပ်ရည်နဲ့အရပ်အမောင်းက
ထင်စရာမှမရှိပဲ
သူကတော့ ထိုလူ့၏ ပခုံးသာသာလောက်သာ
ရှိသည့် အရပ်အမောင်းပိုင်ရှင်😑တခါတလေကျ သမားတော်ဂုဏ်ပုဒ်ကို
မေ့ကာ ထိုလူကြီးအား
ပြန်သတ်ပစ်ချင်လာသည်
ပိုအသည်းယားစရာ ကောင်းတာက
သူကသာ မနာလိုစိတ်ဖြင့်တယောက်တည်း
ပူလောင်နေပင်မဲ့ ဟိုလူ့ကြည့်ရတာ အရမ်းကို
အေးချမ်းနေသည်လေ
အကြည့်ချင်းဆုံမိလျှင် ခပ်ဖွဖွပြုံးကာ
ဦးညွတ်နှုတ်ဆက်တတ်လေသော ထိုလူသည်
သေချင်သည်ဟု တောထဲကို ဒဏ်ရာတွေထဲ
ထွက်သွားသူမှ ဟုတ်ရဲ့လား ဟု
တွေးရလောက်အောင်ပင် အပြုံးတွေက
အေးချမ်းဖြူစင်နေလေသည်ဆေးမြစ်တွေကို ဖြတ်နေတုန်း
''အ''''ဘာဖြစ်တာလဲ ကလေး'' ချက်ချင်းဆိုသလို
အနားရောက်လာပြီး စိုးရိမ်တကြီးကြည့်နေသည်''ရတယ် လက်နည်းနည်းရှသွားတာ"
''ဘယ်ဖြစ်မလဲ ပိုးတွေဘာတွေဝင်ကုန်မှာပေါ့''
သူနဲ့မတူစွာ အလျင်အမြန်လှုပ်ရှားရင်း
ဆေးရွက်တွေကို ကြိတ် အရည်ညှစ်ကာ
ပြတ်ရှရာအပေါ် အုံပေးနေ၏
YOU ARE READING
အချစ်ဆိုတဲ့အရာ( ရပ်နား )
Historical FictionFIRST OF ALL အချစ်ဆိုတဲ့အရာ သည် ဘာသာပြန် Fictionမဟုတ်ပါ မိမိကိုယ်ပိုင် Ideaဖြင့်ဖန်တီးထုဆစ် ထားသောလိုအပ်ချက်များစွာရှိသည့် Fictionလေး တခုသာဖြစ်ပါသည် I know my creation is not so wonderful but I try my best. So if u feel like it, Please Enjoy !! Feli...