Part 1

18.3K 460 10
                                    

Zawgyi

Intro:

ရွက်ပျို- ငါ့အတွက် အချစ်ဆိုတာက အခုလို မင်းအနားမှာ ရှိနေခွင့် ရနေတာနဲ့တင် ကံတရားကို ကျေးဇူးတင်နေရတာပါ

ခမ်းနားခန့်- မဖြစ်နိုင်တဲ့ အရာမလို့ ရှေ့ဆက်ဖို့ တွန့်ဆုတ်ခဲ့မိတယ် ဒါပေမဲ့ အရင်ကပါ အခုတော့ တခုပဲသိတယ် အ့တာက ကျတော် ခဗျားကို ချစ်တယ်......
-------------------------------------
"ကိုကြီး.......ညီမလေး ကျောင်းသွားတော့မယ် အ့တာ စာအုပ် အသစ်လိုနေလို့ ပိုက်ဆံလေး...."

မနက် ကျောင်းသွားခါနီး ညီမလေးက ရွက်ပျို မျက်နှာသစ်နေတဲ့နား လာပီး ပိုက်ဆံတောင်းတယ်...
ရွက်ပျိုမှာ မိသားစု ဆိုလို့ ဒီညီမလေး၁ယောက် ပဲ ရှိတော့တာ....အရမ်းလဲ ချစ်ရတဲ့ ညီမလေး မျက်နှာ မငယ်စေရအောင် ကြိုးစားပီ အလုပ် လုပ်နေတဲ့ ကြားက
မနေ့ ကလေးတင် အလုပ်ပြုတ်လာခဲ့တယ်
ကမန်းကတန်း မျက်နှာသစ်ခြင်းကိစ္စကို လက်စသတ်လိုက်ပီး

"အေး ညီမလေးရေ .... ပေးမယ်နော်"

ပြောရင်းဆိုရင်းက ကုတင်ခြေရင်းမှာရှိတဲ့ အိတ်ထဲ နှိုက်ပီး ရှာလိုက်တယ် ထွက်လာတာက ၅၀၀ တန် ၂ရွက် ၁ထောင်တန် ၂ရွက်........ဒါအကုန်ပဲ ဆိုတာ သူသိသည်
" ရော့ ညီမလေး ၅ရာ ယူသွားလိုက်နော် ကျောင်းလွှတ်ရင် အိမ်တန်းပြန်နော် ကိုကြီး အလုပ် ရှာ ဖို့သွားရဦးမယ် သိလား...နော်"

" ဟုတ်ကိုကြီး....ညီမလေး သွားပီနော် ညစာကို ကိုကြီး ပြန်လာမှ စားမှာနော် စောင့်နေမယ် စောစောပြန်ခဲ့ တာ့တာ"

" အေးပါ ပြန်ခဲ့ပ့မယ်"

ညီမလေး ထွက်သွားတာနဲ့ သူအဝတ်ကောက်လဲ လွယ်အိတ်ဆွဲ ပီး ခြေဦးတည့်ရာ ထွက်လာခဲ့တယ် အဟားးးးး.....ဘဝ ဆိုတာ ရွက်ပျို အတွက်တော့ သကြားတွေနို့ဆီတွေ မပါတဲ့ ကော်ဖီ ကြီးလိုပဲ ခါးသက်သက် ကြီး။သူ ကျွမ်းကျင်တာဆိုလို့ ချက်ပြုတ်မှု ပညာပဲ ရှိတယ် Chef တယောက်ပေါ့....တခုရှိတာက chef မလို့ စာဖိုမှုး အနေနဲ့ပဲ အလုပ်လုပ် ပေးနိုင်တယ်လေ တခြား အလုပ်တွေ လာမခိုင်းနဲ့ မလုပ်ပေးနိုင်တာ သူ့အကျင့်....မမှားပဲနဲ့ တောင်ပန်းရမဲ့ အလုပ်မလုပ်နိုင်တာ လဲသူ့ အကျင့်
အ့အကျင့်တွေကြောင့်ပဲ မနေ့ကတင် အလုပ်ပြုတ်လာခဲ့ရပီ
-----------------
ရွက်ပျို ရဲ့ တရားဝင် တာဝန်က chef ပါ ချက်ရပြုတ်ရမဲ့သူ စာပွဲထိုးမဟုတ်ဖူး။ မနေ့က ရွက်ပျို တို့ hotel ရဲ့ သူဌေးက party အသေးစားလေး လုပ်တယ် သူက ချက်ပြုတ်မှု အပိုင်းကို ဒိုင်ခံတာဝန်ယူထားပေးတယ် chef leader က ရေသာခိုတတ်တဲ့ လူစား မို့လို့ ရွက်ပျိုပဲ အကုန်လုပ်ရတာ ဖြစ်ချင်တော့ အ့နေ့မှ စားပွဲထိုး ၃ယောက်လောက်က ခွင့်တင် ထားကြတယ် သူချက်ပြုတ်တာအပြင် စာပွဲထိုးတဲ့ နေရာမှာပါ ကူညီ ပေးသေးတယ် သူနဲ့မဆိုင်တဲ့အလုပ်ကိုဝင်လုပ်ပေးတာ သူအကျင့် မဟုတ်ပေးမဲ့လို့ပေါ့.....
မှာထားတဲ့တာတွေကိုလဲ စီစဉ်ပေးတဲ့ အပြင် နဲနဲလေး အချိန်ပိုရင် မှာထားတဲ့ဝိုင်းဆီ ရောက်အောင် သူပို့ပေးတယ်....

Hiatus (နူးညံ့သောအမိန့်တော်အတိုင်း)Hikayelerin yaşadığı yer. Şimdi keşfedin