one

23.1K 1.1K 39
                                    



Zawgyi


လျှပ်စီးရောင်းများတစ်ဖျက်လက်ကာ ကောင်းကင် တစ်ခွင်လုံးလဲ မဲမှောင်နေသည်။

ဘယ်အငြိုးကြောင့်မိုးကမညှာမတာ ရွာနေမှန်းမသိ။

tae hyung ပြတင်းမှန်မှ တစ်ဆင့် ခြံအပြင်ဘက်ကိုကြည့်လိုက်မိသည်။

ညကိုးနာရီပင်ထိုးနေပြီ အမလုပ်သူက အခုထိ ပြန်မလာသေး၍ ပူပန်နေရခြင်း ဖြစ်သည်။

စိတ်ကောက်၍ nuna နှင့်ဆိုင်ကိုမလိုက်သွားခြင်း ဖြစ်သည်။

ကျောင်းပြီး ကတည်းက ဘာအလုပ်မှ မယ်မယ်ရရမလုပ်ချင်သောသူ့ကို appa က သူ့ကုမ္ပဏီမှာ ဝင်ခိုင်းပေမဲ့ သူကမလုပ်ချင်။

korea တွင် Kim Seung ကုမ္ပဏီ ဆိုလျှင်မသိသူမရှိပေ။

စိတ်ဆိုးပြီး nuna ဆီကိုလိုက်လာခြင်းဖြစ်သည်။

ဘာလိုလိုနှင့် သူတောင် jeju ဒီရောက်တာတစ်လပြည့်တော့ မည်။

nuna က jeju မှာ သူ့သူငယ်ချင်တွေနှင့် စားသောက်ဆိုင် ဖွင့်ထားခြင်းဖြစ်သည်။

မောင်နှမနှစ်ယောက်ထဲရှိကာ ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရသောကြောင့် tae hyung ကဆိုးချင်သည်။

အခုလည်း ကျောင်းပြီးလို့ အသက်က 22 နှစ်ပင်ရှိနေပြီး စိတ်က ဂျွတ်ဆက်ဆက်နှင့်သည်းမခံတက်ပေ။ တစ်ခုခုဆိုရင်လည်းစိတ်ကမရှည်ချင်။

tae hyung တွေးနေရင်း ခြံရှေ့မှ ကားသံကြားလိုက်တာကြောင့် အိမ်ရှေ့တံခါးဖွင့်ရန်ထွက်လာခဲ့သည်။

"tae ရေ nuna ကိုလာကူပါအုံး....''

"ဟင် nuna သူက ဘယ်သူလဲ..... ''

"ခြံရှေ့မှာလဲနေတာတွေလို့....ဆေးရုံဝတ်စုံကြီးနဲ့....''

"ဟာ nuna ကလည်းရှုပ်ရှုပ်ယှက်ယှက်ကိုယ့်နဲ့သိတာလဲမဟုတ်ပဲနဲ့....''

"ဪ tae ရယ် စာနာစိတ်ထားစမ်းပါ....လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်....''

tae hyung ဆူပုတ်ပုတ်နှင့် nuna လက်ထဲက ပျော့ခွေခွေ သတိမေ့နေတဲ့ကောင်လေးကို ကျောပိုးလိုက်သည်။

အနောက်ကနေ nuna ကလည်းလှမ်းအော်သေးသည်။

"tae အခန်းကိုခေါ်သွားလိုက်...ရေတွေစိုနေတာ အင်္ကျီ လဲပေးလိုက်အုံး....''

Remember(Completed)Donde viven las historias. Descúbrelo ahora