Zawgyi
အချိန်ကြာလာတာနဲ့အမျှ Jung Kook နဲ့ Tae Hyung ယခင်လို့ ရင်နှီးလာခဲ့သည်။
နောက်ပိုင်းတွင် Jung Kook ရဲ့ ကျောင်းအပို့အကြိုကို Jimin ပင်မလုပ်ရတော့။
Tae Hyung ကပဲ နေ့တိုင်း အပို့အကြိုလုပ်ပေးသည်။
Jung Kook ကတော့ အရင်က Tae Hyung နဲ့ ချစ်ခဲ့တာကို မမှတ်မိပေမယ့် သူကိုယ်တိုင်လည်း Tae Hyung အပေါ်အမျိုးအမည်မသိတဲ့ ခံစားချက်ရှိနေခဲ့သည်။
ဘာလဲဆိုတာကိုတော့ သူကိုယ်တိုင်လဲ အဖြေမရှာတက်မှာမဟုတ်ပေ။
Tae Hyung တစ်ယောက် ဒီနေ့တော့ အလုပ်ကစောစောပြီးသည်မို့ Jung Kook ကိုကြိုရန် စောစောထွက်လာခဲ့လိုက်သည်။
အပြန်လမ်းမှာ Jung Kook ကြိုက်တက်တာတစ်ခုခု ဝင်စားဖို့လည်း ဆုံးဖြတ်ထားသည်။
ဆိုလ်းတက္ကသိုလ်ကိုရောက်တော့ ညနေလေးနာရီပင် မထိုးသေးပေ။
ကျောင်းရှေ့မှာ ကားလေးကို အသာရပ်လိုက်ပြီး ကလေးထွက်လာမယ့်အချိန်ကိုသာစောင့်နေလိုက်သည်။
သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ ကျောင်းသားတွေထွက်လာကြပြီး ကျွန်တော်ကလေးလေးကတော့ နောက်ဆုံးကနေ ထွက်လာတာကိုတွေ့လိုက်ရတယ်။
Tae Hyung မျက်နှာက Jung Kook ကိုမြင်တော့ ပြုံးရွှင်သွားပေမယ့် Jung Kook ပုခုံကိုဖက်လျှက် အတူတူထွက်လာတဲ့ အရပ်မြင့်မြင့် ခန္တာကိုယ်ထွားထွားနဲ့ ကောင်းလေးတစ်ယောက်ကိုပါ မြင်လိုက်ရတော့ မျက်နှာက ချက်ချင်းကို ပျက်ယွင်းသွားခဲ့သည်။
Jung Kook ကတော့ ထိုကောင်လေးနှင့် စကားတွေပြောနေလိုက်တာ ကားဘေးမှာ ရပ်နေတဲ့ Tae Hyung ကို အခုထိ မတွေ့သေးပေ။
"Jungkookie မင်းအိမ်က လာမကြိုသေးရင် ငါ့ကားနဲ့လိုက်ခဲ့ပါလား ငါလိုက်ပို့ပေးမယ်လေ........''
"ရတယ် ငါ့ Hyung လာခေါ်လိမ့်မယ်....မင်းသွားရင်သွားတော့လေ.....''
"မင်းကလည်း ငါကမင်းကို စိတ်ပူလို့ဟာကို ဘာလို့အတင်းနှင်နေရတာလဲ......''
"Mingyu ရာ အရစ်ရှည်လိုက်တာ သွားဆိုသွားပါတော့လား.....''
Jung Kook က သူ့ပုခုံးပေါ်က Mingyu လက်ကို ဆွဲဖယ်ရင်းမှ စိတ်ရှုပ်သလိုပြောသည်။
![](https://img.wattpad.com/cover/124382857-288-k201015.jpg)
KAMU SEDANG MEMBACA
Remember(Completed)
Fiksi Penggemarvkook x taekook (yaoi) Kim Tae Hyung Jeon Jung Kook Created by kyallay Please enjoy my vkook fic. Start- 6/October /2017 End 13/May/2019