ten

6.7K 619 66
                                        


Zawgyi




အဆုံးမရှိတဲ့ လိမ်ညာမှုတွေထဲ

ကြယ်တွေကို ထိုင်ငေးဖူးတယ်

ကလေးလေးရေ

လွမ်းလိုက်တာ.......



---------------–--------------------------

တတီတီ မြည်နေတဲ့ နိုးစက်သံကြောင့် ကျိန်းစပ်နေသည့် မျက်လုံးနှစ်ဖက်ကို အားယူပြီးဖွင့်လိုက်ရသည်။

ညက ကုမ္ပဏီ နှစ်ချုပ်စာရင်းတွေ စစ်နေရင်းမှ အတော် နောက်ကျမှကို အိပ်ယာဝင်ဖြစ်သည်။

ကလေး မရှိတော့တဲ့နောက် သူ့ဘဝက ပျော်ရွှင်မှုတွေလည်း ဆိပ်သုန်းသွားခဲ့သလို အလုပ်ထဲကိုဘဲ စိတ်နှစ်ထားကာ မေ့ပျောက်အောင် ကြိုးစားနေမိတာက အကြိမ်ကြိမ်။

Jeju မှာ အရူးမီးဝိုင်းသလို ဘာကိုမှ အလေးအနက် မရှိတော့တဲ့သူကို Noona က ဆိုလ်းကို ပြန်ပို့သည်။

ဆိုလ်းရောက်တော့ Omma က ချော့ကာ ခြောက်ကာနှင့် Appa ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်ခိုင်းသည်။

သူလည်း စိတ်မပါပေမယ့် စိတ်ပြေလက်ပျောက် ဝင်လုပ်ရင်းနဲ့ပဲ အခုဆိုရင် Kim Seung ကုမ္ပဏီ တစ်ခုလုံးကို Appa က သူ့လက်ထဲကို စိတ်ချလက်ချ နှင့် အပ်လိုက်ပြီ ဖြစ်သည်။

အလုပ်ထဲမှာသာ စိတ်နှစ်ရင်း တစ်နှစ်ဆိုတဲ့ အချိန်ကလည်း ကုန်မှန်းမသိ ကုန်လွန်ခဲ့သည်။

ရာသီတွေ အလီလီပြောင်းပြီး တစ်နှစ်ဆိုတဲ့ အချိန်က ကုန်ဆုံးသွားပေမယ့် သူ့အတွက်ကတော့ မနေ့တစ်နေ့က လိုပင်။

အရာရာဟာ အသစ်အတိုင်းပင်း။

ကလေးကို လွမ်းသည့်စိတ်တွေက မပျောက်ကွယ်သွားသလို သတိရသည့်စိတ်ကလည်း ရင်ထဲမှာ မဆန့်မပိုး။

သတိရတိုင်း မျက်ရည်ကျရုံကလွှဲပြီး သူဘာများ တက်နိုင်အုံးမှာလဲ။

ထိုလူသားလေး ပေးခဲ့တဲ့ ဒဏ်ရာက မေ့ပျောက်ကုသလို့ မရဘဲ လူမမြင်နိုင်တဲ့ နေရာမှာ အမာရွတ် တစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်လား။

လေးလံထိုင်းမှိုင်းနေသည့် စိတ်ကို အားယူပြီး ထနေရသည့် သူ့အဖြစ်။

Remember(Completed)Unde poveștirile trăiesc. Descoperă acum