twenty two (final)

14.3K 704 108
                                        



Zawgyi

Tae Hyung ရဲ့ ကုတင်ဘေးမှာ Jung Kook က ထိုင်နေပြီး ဘေးနားမှာတော့ Seok Jin နဲ့ Hoseok က အသီးသီးရပ်နေသည်။

နှစ်ယောက်စလုံးဆေးရုံးရောက်လာပေမယ့် Jung Kook က တစ်ရက်လောက်ပဲ မေ့နေပြီး ပြန်သတိရလာခဲ့သည်။

Tae Hyung က သုံးရက်မြောက်နေ့မှ သတိရတာဖြစ်သည်။

Jung Kook က ကုတင်ခေါင်းရင်းမှာ ခေါင်းအုံးတွေဆင့်၍ ခပ်လျှောလျှောထိုင်နေသည့် Tae Hyung ရဲ့ဘေးမှာပဲ ထိုင်နေကာ Tae Hyung မျက်နှာကိုသာ ငေးကြည့်နေရင်း သူအခု လုပ်တက်တာက မျက်ရည်တွေ ပြည့်သိပ်လာလိုက်၊ မျက်တောင်တွေ ခတ်ပစ်ပြီး တားဆီးချုပ်တီးလိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

သူ့အတွက်ကြောင့်နှင့် Hyung ရဲ့ကိုယ်မှာ ဓားချက်တွေထိထားသည်။

အသက်အန္တရယ် မစိုးရိမ်ရပါဘူး ဆိုတာတောင် ''Hyung များငါ့ကြောင့် သေသွားခဲ့ရင်'' ဆိုသည့်အတွေးကြောင့် ငိုပြီးရင်းငို မျက်ရည်က ကျပြီးရင်း ကျချင်နေမိသည်။

ထို့အပြင် Sang Mi Noona က သတိရလာတော့ ဘယ်သူဘယ်ဝါ ဘာကိုမှ မမှတ်မိတော့လောက်အောင် စိတ်တွေဖောက်ပြန်သွားခဲ့သည်ဟု Hyungie ပြောပြလို့သိရသည်။

နောက်ဆုံး ဆေးရုံရောက်သွားလား ဘာဖြစ်သွားလဲတော့မသိ Hyung ကို စိတ်ပူနေတာနှင့်ပဲ Jung Kook ကျန်တာတွေ ဘာမှမသိဖြစ်လိုက်တော့။

Hyungie နဲ့ Hoseok Hyung ကတော့ ပြောကြသည် ''ဘယ်သူမပြု မိမိမှုပဲ'' တဲ့။

အခုလောလောဆယ်မှာတော့ Hyung ရဲ့ ကျန်းမာရေး အမြန်ဆုံးပြန်ကောင်းဖို့ကိုပဲ Jung Kook လိုချင်မိသည်။

သူ့ရဲ့ ဘေးမှာ Hyung ရှိနေမှ ဖြစ်လိမ့်မည်။

Hyung ရှိမှ ဘဝတစ်ခုလုံးပြီးပြည်စုံမှာပါဆိုလျှင် ပိုလွန်းတယ်လို့ ပြောကြလိမ့်မည်လား။

မတတ်နိုင်.....Hyung ကို Jung Kook အရမ်းချစ်ပါသည်။

စိတ်အတွေးနှင့် မျက်ဝန်းတွေက Hyung ဆီကို ဝေ့ခနဲရောက်သွားသည်။

Tae Hyung က ကုတင်ပေါ်မှာထိုင်လှဲနေရင်း Jung Kook မျက်လုံးလေးတွေနှင့် ဆုံမိတော့ Tae Hyung မျက်နှာ ကွက်ခနဲ ပျက်သွားသည်။

Remember(Completed)Where stories live. Discover now