thirteen

6.5K 594 65
                                    



Zawgyi


သတိရ လွမ်းဆွတ်မိတိုင်း ရင်ဘက်အစုံက အတိုင်းအဆမဲ့စွာ နာကျင်လွန်းနေခဲ့သည်။

ပြန်လုပ်ယူလို့ ရသည့်တိုင်အောင် ကံတရားက ဒီတစ်ကြိမ်လည်း သူ့ဘက် ပါနိုင်ပါအုံးမည်လား။

နားမလည်နိုင်သည်က ရူးရူးမူးမူး ချစ်ခဲ့ပြီးမှ အဝေးကို ထွက်ပြေးသွားတဲ့ ကလေးငယ်။

သူ့ကိုပင် အပြစ်တင်ရမလား ကိုယ့်ကိုကိုယ်ပင် အဖြစ်ပြန်ဖို့ရမည်လား။

နှလုံးသွေးများရပ်တန့်သွားမတက် ချစ်နေမိသည်က ဒီရင်အစုံနှင့်ပင်။

''ဘုတ်...''

''အင့်....''

ကိုယ်ကပဲ မမြင်တာလား သူ့ဘက်ကဘဲ အလျှင်လိုနေတာလားတော့ မသိ။

Shopping Mall ထဲအဝင် အပေါ်ထပ်ကိုတပ်မည့် လမ်းချိုး တစ်နေရာအရောက် တစ်ဖက်ထောင့်ချိုးမှ ရုတ်တရက် ထွက်လာသော ကောင်လေးတစ်ယောက်နှင့် တိုက်မိသည်။

ရင်ခွင်ထဲကို ရုတ်တရက် ပစ်ဝင်လာတဲ့ ကိုယ်လုံးလေးကို အမိအရ ဖမ်းလိုက်မိသည်က လဲမကျသွားစေရန်။

သူ့လက်မောင်းတွေက ရုန်းထွက်လာတဲ့ ခပ်သေးသေး ကိုယ်လုံးလေးကြောင့် သေသေချာချာ ကြည့်မိလိုက်တော့....

''ဟင်!! ကလေး....''

ပြန်မော့ကြည့်လာတဲ့ မျက်ဝန်းညိုတစ်စုံနှင့်အတူ မမြင်ရတာကြာပြီ ဖြစ်တဲ့ နူးညံ့ချိုမြိန်တဲ့ အပြုံးတစ်ပွင့်။

''Tae Hyung Hyung မှတ်လား....''

သူ့ကိုကြည့်ကာပြုံးပြနေတဲ့ ကလေးရဲ့ အပြုံးတွေက ဖြူစင်လွန်းလှသည်။

လွမ်းလွမ်းဆွတ်ဆွတ်ကြည့်မိသည့် ဖြူဖြူစင်စင် ပြုံးပျြနတဲ့ မျက်စိရှေ့မှ ထိုလူသားငယ်ကို။

Plane Shirt အဖြူအပေါ်မှာ အနီရောင်အကွက်ပါသည့် ရှပ်အင်္ကျီလက်ရှည် တစ်ထည်ကို ထပ်ဝတ်ထားပြီး Jean ဘောင်ဘီ အနက်ရောင်တစ်ထည်နှင့်။

ပုံစံလေးက ချစ်ဖို့ကောင်းလွန်းစွာ နုသစ်ချောမွေ့လွန်းနေသည်။

ပြီးတော့ သူ့ကိုတစ်ချက်ကြည့်ကာ သူ့အနောက်ဖက်ကို ခေါင်းလေးထွက်ပြီး ဟိုသည် လိုက်ကြည်ပြီး....

Remember(Completed)Tempat cerita menjadi hidup. Temukan sekarang