four

9.3K 812 37
                                        


Zawgyi


''bunny.....''

''nae nuna.....''

''အစောကြီး နိုးနေတာလား....bunny ရဲ့ hyungee ကို မနိုးခဲ့ဘူးလား.....''

''ဟို ဟို nuna....''

''သွား မနက်စာစားမယ် hyungee ကိုပါ တစ်ခါတည်းသွားနိုးခဲ့.....''

''Nae.....''

bunny တစ်ယောက်မသွာချင်သွားချင်နှင့် tae hyung ကို နှိုးရန် ထွက်လာခဲ့လိုက်သည်။

အခန်းအပြင်ကနေ လှမ်းကြည့်လိုက်တော့ hyungee က ကုတင်ပေါ်မှာ အိပ်နေတုန်းပင်။

မနေ့က အနမ်းခံလိုက်ရကတည်းက တစ်ယောက်နဲ့တစ်ယောက် စကားလည်းမပြောကြတော့။

bunny သူ့နှုတ်ခမ်းလေးကို သူပြန်စမ်းပြီး မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို မျက်လုံးထဲ ပြန်မြင်ယောင်လာကာ မျက်နှာလေး ရဲတက်သွားသည်။

ပြီးမှ အခန်း တံခါးကို အသာလေးတွန်းဖွင့်ကာ အခန်းထဲဝင်လိုက်ပြီ tae hyung ရဲ့ကုတင်ရှေ့မှာ ရပ်လိုက်သည်။

tae hyung ကတော့ အခုထိမနိုးသေးပါ။

bunny တစ်ယောက် tae hyung မျက်နှာကို ကြည့်နေရင်းမှ တဒိတ်ဒိတ် ခုန်လာတဲ့ သူ့ရင်ခုန်သံတွေကြောင့် ရင်ဘက်ကို လက်ကလေးနှင့် ဖိထားလိုက်ရသည်။

ထူးဆန်းတယ် မနေ့ကထဲက hyungee ကိုတွေ့တိုင်း အဲ့လိုခံစားမှုမျိုးကို ခံစားနေရတာ ကိုယ့်ကိုကိုယ် လည်း ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိ။

bunny တစ်ယောက် tae hyung မျက်နှာကို သေသေချာချာ ငုံ့ကြည့်နေမိသည်။

အခုမှ သေချာကြည့်မိတယ်။

hyungee က တကယ်ချောတာပဲ

မျက်ခုံးထူထူ နှစ်ဖက်ကလည်း ဖြောင့်တန်းပြီး မျက်တောင်တွေက အရှည်ကြီး ဖြစ်သည်။

နှာတံကလည်း ဖြောင့်စင်းနေကာ နှာခေါင်းထိပ်လေးမှာပင် မဲ့သေးသေးလေးပါနေတာကကို ကြည့်လို့ကောင်းနေသည်။

bunny တစ်ယောက် စိတ်ဝင်တစားနှင့် tae hyung မျက်နှာကို ငုံကြည့်နေရင်းမှ tae hyung က ရုတ်တရက် မျက်လုံးဖွင့် လိုက်ကာ.....

Remember(Completed)Unde poveștirile trăiesc. Descoperă acum