Zawgyi
''ဒေါက်...ဒေါက်..''
''ဝင်ခဲ့....''
သူ့ထံမှ ခွင့်ပြုချက်ရသည်နှင့် File တွဲတစ်ခုကို ကိုင်ကာဝင်လာတဲ့ Jimin...
''CEO ကို တင်ပြစရာရှိလို့ပါ....''
''Hyung လို့ပဲ ပေါ့ပေါ့ပါးပါ ခေါ်ပါ Ji....''
''Nae Hyung...''
''အခုက ဘာကိစ္စလဲ.....''
''Hyung ရှယ်ယာဈေးကွက်က မငြိမ်ဘူးဖြစ်နေတယ် ပြီးတော့ MJ Group က ကျွန်တော်တို့ အခုသစ်ထုတ်တဲ့ ဖိနပ် Brand နဲ့ တစ်ပုံစံထဲ တူတဲ့ Design ကိုလိုက်ထုတ်နေတယ်....Design ပေါက်သွားတာတင်တယ်.....''
''တောက်....''
ဒေါသက ထောင်းခနဲ ထွက်လာကာ တက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။
MJ Grop သည် သူ့ ကုမ္ပဏီ နှင့် စီးပွားပြိုင်ဘက် ဖြစ်သည့်အလျှောက် အမြဲတမ်းလည်း တိုက်ခိုက်နေတက်သည်။
Appa တို့ရှိစဉ်ကတည်းက ကုမ္ပဏီ နှစ်ခုက အမြဲတမ်း ပြိုင်ဆိုင်မှုတွေ ရှိခဲ့တာဖြစ်သည်။
''ပြင်ဆင်ထားလိုက် Ji...ညနေကို ငါ အန်ကယ် Kim နဲ့ သွားတွေ့မယ်....သူနဲ့သေချာဆွေးနွေးပြီး MJ Group အကြောင်း ပြောပြထားမှ ဖြစ်မယ်...''
''Nae Hyung ကျွန်တော် ပြင်ဆင်ထားလိုက်ပါ့မယ်....''
''ရပြီ Ji လုပ်စရာရှိတာ သွားလုပ်တော့....''
Jimin က အခန်းတံခါးနားရောက်မှ ပြန်လှည့်လိုက်သောကြောင့် သူအလုပ်စာပွဲမှ မော့ကြည့်လိုက်ရင်....
''ဘာကျန်သေးလို့လဲ Ji....''
''မကျန်ပါဘူး Hyung...မေးစရာ ရှိလို့....ဟို ကလေးသတင်း ဘာထူးသေးလဲလို့....''
ကလေးလေး အကြောင်း စကားစလိုက်သည်နှင့် Hyung ရဲ့ညှိုးကျသွားတဲ့ မျက်နှာကို ကြည့်ပြီး သူလည်း စိတ်မကောင်း ဖြစ်ရသည်။
''စုံစမ်းနေတုန်းဘဲ ဒါပေမယ့် ကလေးလေး အသက်ရှင်နေသေးတယ်ဆိုတာ Hyung ယုံတယ်.....''
ကလေးအကြောင်းပြောလိုက်တာနှင့် Hyung ပါးပြင်ထက်မှ ကျလာတဲ့ မျက်ရည်စက်တွေကြောင့် သူလည်း Hyung နှင့်ထပ်တူ ဝမ်းနည်းရသည်။
![](https://img.wattpad.com/cover/124382857-288-k201015.jpg)
YOU ARE READING
Remember(Completed)
Fanfictionvkook x taekook (yaoi) Kim Tae Hyung Jeon Jung Kook Created by kyallay Please enjoy my vkook fic. Start- 6/October /2017 End 13/May/2019