five

8.4K 738 51
                                        



Zawgyi


အချစ်အကြောင်းလား....အရင်တုန်းက မသိခဲ့ဘူး.....

အလွမ်းလား ရုပ်ရှင်တွေ သီချင်တွေမှာတော့ မြင်ဘူး ကြားဖူးတယ်... ကိုယ်တိုင်တော့ မကြုံ ဖူးဘူး.....

ဝေးကွာခြင်းလား....ဘာမှန်းတောင် မသိဘူး.....

ဒါပေမယ့် အခုတော့ အချစ်အကြောင်း မသိခဲ့တဲ့ ကျွန်တော် ချစ်တက်နေပြီ.....

အလွမ်းဆိုတဲ့ အရာကိုလည်း မျက်ဝါထင်ထင် ကြုံတွေ့နေရပြီ......

ဘာမှန်းမသိခဲ့တဲ့ ဝေးကွာခြင်းအတွက်လည်း စိုးရွံ့ နေမိပြီ.....

ဒါတွေအားလုံးရဲ့ အကြောင်းပြချက်က အတိုင်းအဆမဲ့စွာ ကလေးကို ကျွန်တော် ချစ်မိသွားတယ် ဆိုတဲ့ အဖြေဘဲ ထွက်လာခဲ့သည်။

ကလေးကိုမြင်တိုင် ကျွန်တော့ ရင်ခုန်သံတွေက မူမမှန်တော့ သလို ကလေးရဲ့ မျက်နှာလေးက ကျွန်တော့အတွက်တော့ ညအမှောင်မှာ လမ်းပျောက်နေတဲ့သူကို အလင်းပေးတဲ့ လမင်းတစ်စင်းလို....

Hyung လို့ခေါ်လိုက်တိုင်း ဆည်းလည်းလေးတွေ လှုပ်ခပ်သွားသလို နဝင်ပီယံ ရှိလှတဲ့ ကလေးရဲ့ အသံချိုချို လေးက ကျွန်တော့အတွက်တော့  နတ်စောင်းခတ်သံလို....

အခုလည်းကြည့် ကျွန်တော့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝှေ့ကာ တီတီတာတာ စကားလေးတွေနှင့် ချွဲနွဲ့နေပြန်သည်။

"Hyung.....Hyung လို့.....''

သူအတွေးလွန်နေတာကြောင့် ကလေးခေါ်နေတာကို မထူးမိ။

"ဟင်....ကလေး.....''

"ဘာတွေတွေးနေတာလဲ..... ''

နှုတ်ခမ်းလေးစူကာ ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပြီး ပြောလာတဲ့ ကလေးဟာ သူ့အတွက်တော့ အရမ်းချစ်ဖို့ ကောင်းလွန်းနေသည်။

"ကလေးအကြောင်း.....''

"ဟုတ်လို့လား......''

စကားပြောရင် အဆုံးသတ်ကို သံရှည်ဆွဲကာ အမြဲပြောတက်တဲ့ ကလေး။

"ဟုတ်တာပေါ့..... ''

"မယုံပါဘူး.... ဟွန်း....လူတစ်ယောက်လုံးကို အနားမှာ ထားပြီး ငုတ်တုတ်မေ့နေတာ ကျွန်တော့အကြောင်းကို စဉ်းစားနေတယ်တဲ့လား.....''

Remember(Completed)حيث تعيش القصص. اكتشف الآن