Zawgyi
"သား မနေ့က Sang Mi လာသွားသေးတယ်.....''
သူရေချိုးခန်းထဲက ထွက်လာတော့ Omma ပြောလိုက်တာကြောင့် မျက်ခုံးနှစ်ဖက်က အလိုမကျသလို တွန့်ကုတ်သွားမိသည်။
ဒီမိန်းမ ဘာလာလုပ်ပြန်ပြီလဲ။
"ဘာလာလုပ်တာတဲ့လဲ Omma.....''
"သာဆီကိုလာတာလို့ပဲပြောတယ်.....လူကြီးသူမကို ရိုသေရမှန်းလည်း မသိဘူး.....Omma တော့ သဘောကိုမကျပါဘူးသားရယ်.....''
"ထားလိုက် Omma ခေါင်းထဲထည့်မနေနဲ့......''
"သားအလုပ်တန်းသွားတော့မှာလား မနက်စာစားသွားအုံးလေ.....''
"မစားတော့ဘူး Omma.....ရုံးရောက်မှပဲစားတော့မယ်.....''
သူ Necktie ကိုစည်းလိုက်ပြီး လက်ဆွဲအိတ်ကိုဆွဲကာ အောက်ဆင်းလာတဲ့အထိ Omma က အနောက်ဘက်မှ တောက်လျှောက်ပါလာသည်။
"ကားလည်း ဂရုစိုက်မောင်းအုံး......''
"Nae Omma....သွားပြီ......''
"အား....နေအုံးသား......''
"ဗျာ......''
Omma က တစ်ခုခုကို အခုမှ သတိရလိုက်သလို ပုံစံကြောင့် သူခဏရပ်ပြီး Omma ကို ပြန်ကြည့်လိုက်မိသည်။
"သားကိုပြောဖို့ Omma မေ့နေတာ.....''
"ဘာကိုလဲ Omma.....''
"သားဒီနေ့ အလုပ်စောစောဆင်းလို့ရလား......''
"ရပါတယ်..... ဘာလို့လဲ Omma.....''
"မင်း Appa က Seok Jin တို့ညီအစ်ကိုကို ထမင်းစားဖိတ်ထားလို့......''
"Seok Jin.....Jin Hyung လား Omma.....''
"ဟုတ်တယ်လေ အငယ်လေးကိုလည်း Omma တို့တစ်ခါမှ မမြင်ဖူးသေးဘူး အဲ့ဒါကြောင့်......''
"Nae Omma.....သားစောစော ပြန်ခဲ့ပါမယ်......''
"အေးအေး.....''
Omma ကတော့ ဘာဟင်းတွေ ချက်ရမလဲဆိုတာ စီစဉ်ရင်းကျန်ခဲ့လေသည်။
သူ့ရင်ထဲမှာတော့ အပျော်လုံးတွေ စို့နေတာ တားဆီးမရ။
ညနေကျရင် ကလေးနဲ့ တွေ့ရအုံးမယ်ဆိုတဲ့ အသိကြောင့် ရင်ဘက်ထဲကအကောင်က အထိန်းအကွတ်မဲ့လာသလို။
YOU ARE READING
Remember(Completed)
Fanfictionvkook x taekook (yaoi) Kim Tae Hyung Jeon Jung Kook Created by kyallay Please enjoy my vkook fic. Start- 6/October /2017 End 13/May/2019