အရိုးထိအောင်ရူး(1)(Z+U)

9.1K 452 14
                                    

မှောင်ကြီးမည်းကြီးထဲ အသက်လုပြီး ပြေးလွှားနေသော လူတစ်ယောက်

နဖူးမှ စီးကျနေသော ဇောချွေးများက မြင်လို့မကောင်း..

နီထွေးဖြူဥနေသော ခြေဖ၀ါးနုနုလေးမှာလည်း ဖိနပ်မပါ ဘာမပါနဲ့ ပြေးလွှားနေသောကြောင့် ဆူးညောင့်ခလုတ်များ တက်နင်းထားသည်မှာ သွေးချင်းနီနေပြီ

ဦးတည်ချက်...

ဦးတည်ချက်မရှိဘူး

ခြေဦးတည့်ရာ ပြေးမိပြေးရာ တောတန်းတွေထဲ ၀င်ပြေးနေဆဲပင်

ထိုလူသားလေးကတော့.....

မှောင်မှောင်မည်းမည်းထဲ ပြေးလွှားနေရင်းဖြင့် ခြေလှမ်းတစ်လှမ်းအမှား ကုန်းလျှောလေးမှ လိမ့်ကျသွားခဲ့ပါသည်။

လိမ့်ရင်း လိမ့်ရင်း အရှိန်ကုန်သွားသည့်အချိန် ခြေထောက်မှ နာကျင်မှုက အသည်းခိုက်မတတ် ခံစားလိုက်ရသည်။

သေချာတယ် သူ့ဘယ်ဘက်ခြေထောက် လှုပ်လို့မရအောင် နာကျင်သွားခဲ့ပြီ

"အဟင့်..ဟင့်..ဟင့်..ဟင့်.."

အရှုံးပေးချုံးပွဲချ ငိုကြွေးပစ်လိုက်ပါတော့သည်။

ခြေထောက်နာလို့ငိုတာလား...

အကြောင်းကြောင်းကြောင့် ငိုတာလားဆိုတာတော့..?

~~~~~~~~~~~~~~~~~~~~~~~~~~~~

သူ့ကို ပွေ့ချီပြီး အိမ်ဘက်ကို ခေါ်လာတဲ့ ဟိုလူကြီး...

ဒီလောက်အဝေးကြီးကို သူမို့မညည်းမညူပွေ့ခေါ်လာတယ်တဲ့

မညောင်းလေလျော့သလား ဒါမှမဟုတ် လူမဟုတ်လို့လား?? လို့ပင် အတွေးဝင်မိပါရဲ့

"ကလေးရယ်..မသေကောင်းမပျောက်ကောင်းကွာ ဘာဖြစ်လို့ ကိုယ့်ဆီက ထွက်ပြေးရတာလဲ..."

လူကြီးက သူ့ကို ရေချိုးခန်းထဲရှိ ကန်ဘောင်လေးပေါ် ထိုင်စေပြီး ရေနွေးနှင့်ရေအေးစပ်ထားသည့် ရေဇလုံးလေးထဲ ခြေထောက်လေးတွေကို စိမ်စေပါသည်။

"အရမ်းနာနေလား ကောင်လေး"

သူ့ရဲ့ ခြေချောင်းလေးတွေကို နူးနူးညံ့ညံ့ညင်ညင်သာသာ နှိပ်နယ်ပေးနေတဲ့ လူကြီးလူကောင်းဆန်သည့် ဒီလူကြီးဟာ စိတ်ရောဂါဖြစ်နေပါတယ်ဆိုရင် ဘယ်သူကယုံမှာလဲ

အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}Donde viven las historias. Descúbrelo ahora