Zawgyi - Above
Unicode - Under(Zawgyi)
Taeng ရဲ့ မိတ်ဆွေတစ်ယောက်ကို ညစာထမင်းကျွေး ဖိတ်ထားသည်ဆို၍ Tiffany တစ်ယောက် တစ်နေကုန် မီးဖိုထဲမှာ အလုပ်ရှုပ်နေလေသည်။ အလုပ်သမားတွေလည်း အများကြီးရှိပေမယ့် လင်ယောက်ျားကို တုန်အောင် ချစ်တတ်သော Fany က Taeng ရဲ့ ကိစ္စဝိစ္စတို့၌ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရမှ ကျေနပ်သူဖြစ်သည်။ ခုလို တကူးတက ဖိတ်ခေါ်ဧည့်ခံဝတ်ပြုဖို့ ကိစ္စ၌ ပို၍ပင် တက်ကြွနေလေသည်။
Fany: Yoong ရေ
Yoong: ဗျာ
ထမင်းစားခန်းဝ၌ လက်တစ်ဖက်ထဲ စတီးယောက်မကိုင်ကာ Fany ဘွားခနဲ ပေါ်လာပြီးလျှင်
Fany: လာပါဦး မောင်လေးရယ် ဟင်းတွေလာမြည်းပေးစမ်းပါ
Yoong: ဟာ Ajumma ကြီးကို မြည်းခိုင်းလေ Noona ကလည်း
Fany: ဪ Ajumma ကြီးက လျှာကွဲနေလို့ ဘာမှမစားနိုင် မမြည်းနိုင်ဘူး။ ကောင်မလေးတွေကလည်း ဘာမှ အရသာသိတာမဟုတ်ဘူး။ ငါချက်တာဆိုတော့ မကောင်းဘူး မပြောရဲဘဲ ကြိတ်မှိတ်ကောင်းနေကြမှာပဲ လာပါ Yoong ရယ်
ဤမရီးတစ်ယောက်သည် Yoong အပေါ် အစ်မအရင်းကဲ့သို့ ကောင်းလှပါသည်။ အိမ်ထောင်သက်ကပင်လျှင် ၁၉ နှစ်ထဲ ဝင်ခဲ့ပြီမို့ သူတို့အိမ်ထောင်ကျစက အသက် ၁၁ နှစ်အရွယ် Yoong ကို ခုအရွယ်ထိ နှစ်တွေတိုးပြီး လူကြီးလိုမမြင်ဘဲ ကလေးတစ်ယောက်နှယ် မြင်နေဆဲပင်။
Yoong ကို ပွေ့ပွေ့ပိုက်ပိုက် ထွေးဖက်နိုင်သော အရွယ်၌ Taeng နှင့် Fany တို့ အိမ်ထောင်ကျခဲ့တာဖြစ်သဖြင့် Fany က Yoong ကို ချစ်လှပါသည်။ Fany မှာ တစ်ဦးတည်းသောသမီး ဖြစ်တာကြောင့်လည်း တခြား သံယောဇဉ်တွယ်စရာ မရှိပေ။
Yoong ကလည်း ဤမရီးတော် Fany ကို အစ်မအရင်းနှယ် ချစ်ခင်ကာ ပြောရဲဆိုရဲရှိလှသည်။ သူတို့အိမ်ထောင်စုလေးဟာ Taeng ရဲ့ ကျန်းမာရေးအခြေအနေကလွဲရင် ဘာမှ စိတ်ညစ် စိတ်ရှုပ်စရာမရှိအောင် ပျော်ရွှင်ဖွယ် ပြည့်စုံလှတဲ့ အိမ်ထောင်စုကလေးဖြစ်ပေသည်။
Yoong: ကိုယ့်ဟာကိုယ် မြည်းလည်း ရတာကို
Fany: ဪ Yoong ရယ် Noona က မင်းအစ်ကိုစားတဲ့ ပေါ့ရွှတ်ရွှတ် ဆီနည်းနည်းဟင်းတွေကိုပဲ လိုက်လိုက်မြည်းရင်း စားရင်း ပါးစပ်ပျက်နေပြီဆိုတာ သိသားနဲ့။ ရိုးရိုး မင်းတို့ Ajumma တို့ တစ်အိမ်လုံးစားတဲ့ဟင်းတွေကို အရသာမှန် သိပ်မသိတော့ဘူးလေ ငံတယ်ချည်း ထင်မိတာ
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤