Zawgyi - Above
Unicode - Under(Zawgyi)
Yoong အိမ်ပြန်ရောက်တဲ့အခါ Ajumma က အဖြစ်အပျက်ကို ပြောပြနေရင်း .....
Ajumma: Yoong ဆေးခန်းနာမည် မေ့နေတယ် ဒုက္ခပဲ 😓
Yoong: ကျွန်တော် သိပါတယ် Sakura ပါ
Ajumma: မဟုတ်ဘူး အဲ့မှာ သူ့ OG မရှိလို့ဆိုပြီး ရှိတဲ့ဆေးခန်း သွားပြတာ
Yoong: ဟာ Ajumma ကလည်း ဆေးခန်းနာမည် မမှတ်ထားဘူးလား 😖
Ajumma: ပါးစပ်ဖျားတင် မေ့သွားလို့ပါ Yoong ရယ်
Yoong: ဟာ Ajumma ကတော့ ဒုက္ခပဲဗျာ လိုက်ရှာရအောင်လည်း ဘယ်နေရာသွားမှန်းမသိ
Ph တွေလည်း မပါသွားကြဘူး ခက်တယ်ဗျာ 😤မကြာခင် Fany ပြန်ရောက်လာသည်။ ခြံဝမှာ ဟိုလျှောက်ဒီလျှောက်နဲ့ ရတက်မအေးဖြစ်နေသော Yoong ကို မြင်လျှင် အတော်ပင် ဆိုးဆိုးဝါးဝါး စဉ်းစားလိုက်မိပြီး ရင်ဝဆောင့်ကန်ခံရသလို အလူးအလဲ ပျာယာခတ်သွားရသည်။ အဖြစ်အပျက်ကိုသိမှ Fany ပုံမှန်ပြန်ဖြစ်သွားသည်။ ထိုစဉ် ......
Ajumma: Sica တို့ ပြန်လာပြီ
Yoong: ဘာဖြစ်တာတဲ့လဲ Sica 😯
Sica: အလှုပ်အရှားများလို့တဲ့ ဘာမှမဖြစ်ပါဘူး အိပ်ရာထဲ ၂ ပတ်လောက် ငြိမ်ငြိမ်လေး နေရမယ်တဲ့ 😄
Yoong သည် ထိုအခါမှ သက်ပြင်းချကာ ပြုံးနိုင်တော့သည်။
************************************
ဒီနေ့ Company နှစ်ပတ်လည်ပွဲရှိ၍ Yoong ရော Fany ရော Company သွားရမည်။ Fany က Yoong ကားနဲ့ လိုက်လာရင်း လမ်းတစ်ဝက်ရောက်တော့ ........
Fany: ဟယ် ဒုက္ခပါပဲ Yoong ရေ 😰
Yoong: Wae Noona?
Fany: ဒီနေ့ပြောရမယ့် မိန့်ခွန်းရေးထားတဲ့ စာရွက် ကျန်နေခဲ့လို့ 😓
Yoong: Noona အလွတ်ရတယ်မလား
Fany: ငါလည်း အလုပ်တွေများပြီး မကြည့်ဖြစ်ဘူး ... ခုနက ရေချိုးနေရင်းနဲ့မှ သတိရလို့ ကားပေါ်ရောက်မှ ဖတ်တော့မယ်ဆိုပြီး လုပ်ထားတာ ... ဒုက္ခပါပဲ 😫
Yoong: ပြန်ယူမလား Noona
Fany: အေး အချိန်မီသေးတယ်မလား ယူတာပေါ့
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤