Destiny 🌟 (Ep-7)

437 50 27
                                    

Zawgyi - Above
Unicode - Under

(Zawgyi)

P.S : ဒီ fic မှာ ရေးသမျှဟာ ဘယ်သူ့ကိုမှ ထိခိုက်စေလိုခြင်း မရှိဘဲ Fic အရ ရေးသားထားခြင်းသာ ဖြစ်တာကြောင့် Tae နဲ့ Sica fan များ နားလည်ပေးကြပါနော် ❤

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

Yoong: Sica

Yoong သည် ဘောပင်နှိပ်ကာ ပိတ်လိုက်ပြီး Sica ကို တစ်ခွန်းခေါ်လိုက်ပါသည်။ Sica သည် ဝရံတာလက်ရန်းကို တတောင်ဆစ်လေးထောက်၍ ညမှောင်မှောင်ထဲ ငေးကြည့်နေလေသည်။

Yoong မှာလည်း ညစာစားပြီးတည်းက အလုပ်တွေရှိသဖြင့် လုပ်နေခဲ့ရကာ Sica ကို သတိမပြုမိခဲ့။ အသံတိတ်နေ၍ အခန်းထဲမှာ ရှိနေတယ်တောင် မထင်မိ။ ဝရံတာဘက် အမှတ်​တမဲ့ မော့ကြည့်လိုက်တုန်း ရုတ်တရက် Sica ကို တွေ့လိုက်ရတော့ အံ့သြသွားရသည်။

Yoong: Sica

Yoong နေရာမှ ထလာခဲ့လိုက်သည်။ သူ Sica လေးကို ပစ်ထားသလိုများ ဖြစ်သွားပြီလားမသိ။ သူ့မှာကတော့ သူလုပ်စရာ အလုပ်တွေရှိတာ သူပဲသိတာကြောင့် ကိုယ့်ဟာကိုယ် ထိုင်လုပ်နေမိတာ။ Sica ကတော့ အလုပ်အရေးကြီးမကြီးကိုလည်း သိမှာမဟုတ် ဒါပေမယ့် ဘာမှမမေးဘဲ တိတ်ဆိတ်စွာ အဖော်မဲ့နေပုံပဲ။

Yoong: Sica TV သွားမကြည့်ဘူးလား

စိတ်မကောင်းစိတ်နဲ့အတူ Yoong မေးရင်း Sica ပုခုံးလေးကို ဖက်လိုက်သည်။ Sica က သူ့ပုခုံးပေါ်က Yoong လက်ကို ပြန်ဆုပ်ကိုင်လိုက်ရင်း

Sica: ဟင့်အင်း Oppa မကြည့်ချင်လို့

Yoong: နေမကောင်းလို့လား Sica

Sica: Arni နေကောင်းပါတယ်

Yoong: ဒါဖြင့် ဒီမှာ ဘာရပ်လုပ်နေတာလဲ Sica ပျင်းနေလို့လားဟင်

Sica: Sica လျှောက်တွေးနေတာပါ

Yoong: Sica Appa ကို လွမ်းလို့လား Uncle Kwon နောက်အပတ် သင်္ဘောတက်ရတော့မယ်ဆိုလို့ စိတ်မကောင်းဖြစ်နေတာလား

Sica: ဟင့်အင်း Appa သွားရင် သတိတော့ရပေမယ့် Appa က အမြဲဒီလို သွားနေရတာဆိုတော့ ရိုးနေပါပြီ

Yoong: ဒါဆို ဘာတွေ တွေးနေတာလဲ ပြောကွာ Sica စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ Oppa သိချင်တယ်

Destiny 🌟 [Completed]Where stories live. Discover now