Destiny 🌟 (Ep-3)

510 51 0
                                    

Zawgyi - Above
Unicode - Under

(Zawgyi)

ပန်းပင်မျိုးလေးတွေတောင်းဖို့ အိမ်ကိုလာသည့်နေ့ကလည်း Sica က Yoong တို့ အိမ်မှာ ညစာစားသွားပါသည်။ Sica သည် Taeng ကိုတော့ သူ့အဖေသူငယ်ချင်းမို့ အထူးအလေးထား ဆက်ဆံကာ Fany ကိုတော့ တလေးတစားရှိလျက် Yoong ကိုတော့ တရင်းတနှီး ဆက်ဆံပါသည်။

နောက်ပိုင်းတွေမှာ သူ့အဖေနှင့်အတူသော်လည်းကောင်း သူတစ်ယောက်တည်းသော်လည်းကောင်း ရက်ခြား ရက်ခြား လာလည်တတ်တဲ့အခါ ဒီအိမ်အပေါ် ဤမျှ ရင်းနှီးကျွမ်းဝင်မှု မြန်လှတဲ့ Sica ကို တစ်မိသားစုလုံး အံ့သြမဆုံးရှိရင်းနှင့်ပင် Sica ရဲ့ ရဲတင်း တီတာတတ်မှုတို့ကို မငြင်းမရှောင်နိုင် မခင်ဘဲ မနေနိုင်အောင် ဖြစ်လာကာ သူတို့ရဲ့ ရင်းနှီးမှုက လျှင်မြန်စွာ အရှိန်အဟုန် ကြီးလာပါတော့သည်။

Fany ကိုယ်တိုင်ကလည်း Sica ကို မကြိုက်ချင်ချင်ရှိပေမယ့် မခင်ဘဲလည်း မနေနိုင်ရှာ။

Sica: အန်တီရယ် Sica ကူလုပ်ပေးမှာပေါ့

အဲ့လို စကားချိုချိုလေး၌ အလိုက်သင့်မျောပါနေတော့သည်။

Yoong အဖို့ကတော့ ပြောစရာမလိုပေ။ ဘယ်မိန်းကလေးကိုမှ ရင်မခုန် စိတ်မလှုပ်ရှားတတ်ဘဲ အသက် ၃၀ ရှိပြီ ဖြစ်သည့် လူပျိုကြီး Yoong သည် Sica ရဲ့ အသံချိုချိုလေး ဖျတ်လတ်တဲ့ အပြုအမူလေးတို့ကြားတွင် တစ်နေ့ထက် တစ်နေ့ ဖမ်းစားခံနေရကာ Sica မလာသော နေ့များတွင် ဟာတာတာနဲ့ အနေရခက်နေလေတော့သည်။

Sica လာသည့် ညနေခင်းတို့တွင် Yoong နှင့် Sica တို့သည် ပန်းအိုးတစ်အိုး အလယ်ချကာ ခေါင်းချင်းထိလုနီးပါး ဆောင့်ကြောင့်ထိုင်လျက် အပင်ကို ပြုစုပုံကို Yoong က Sica အား သင်ပေးလေ့ရှိသည်။

တစ်​ခါတစ်​ရံတော့လည်း ခြံထဲ၌ Yoong နှင့် Sica တို့ Tennis ရိုက်လေ့ရှိကြသည်။ တစ်ခါတစ်လေတော့လည်း အားလုံးဝိုင်းဖွဲ့ကာ စကားပြောတတ်ကြသည်။

Sica: အန်ကယ်ရေ Sica နဲ့ Oppa Tennis ရိုက်မယ် Oppa ညစ်မှာစိုးလို့ အန်ကယ် အမှတ်ရေပေးပါဦး 😁

Fany: Sica ရေ သမီး အန်ကယ် ဒီနေ့ သိပ်နေမကောင်းချင်ဘူးကွဲ့

Sica: ဟာ ဒါဆို ခြံထဲကို ပိုတောင် ဆင်းသင့်သေးတယ် အိပ်ရာထဲ ခွေနေရတာ လှောင်ပိတ်ပြီး ပျင်းစရာကြီး ခြံထဲမှာဆို ပန်းနံ့လေးတွေ ရှူရတော့ စိတ်ကြည်လင်တာပေါ့ အန်တီရဲ့ နော် Oppa

Destiny 🌟 [Completed]Wo Geschichten leben. Entdecke jetzt