Destiny 🌟 (Ep-8)

445 56 14
                                    

Zawgyi - Above
Unicode - Under

(Zawgyi)

နောက်ရက်တွေမှာ Yoong သည် Sica နဲ့ Taeng ကို သေချာ အကဲခတ်ကြည့်ခဲ့သည်။ Taeng က နေမကောင်းဖြစ်နေတော့ သူပိုတောင် အကဲခတ်ခွင့်ရခဲ့သည်။ Taeng နေမကောင်းသည့်အတွက် Sica မှာ ပျာနေသည်။ Taeng ကိုယ်တိုင်လည်း Sica အနားမရှိလျှင်ပင် ရှာနေတတ်သည်။ Fany ပြောတာ တစ်လုံးမှ အပိုမပါ။ Taeng မျက်လုံးများသည် Sica ကို ကြည့်နေလျှင် ရီဝေဝေ ငေးငိုင်ငိုင်။ ထူးဆန်းသည်မှာ Yoong မှာ ထိုမျက်လုံးတို့ကို မြင်နေရပေမယ့် Taeng အပေါ် ဒေါသဖြစ် နာကျည်းတာမျိုး ဖြစ်မနေ။ အဖြစ်အပျက်ကို ယူကြုံးမရခြင်းကလွဲလျှင် ဘယ်သူ့ကိုမှ အပြစ်မတင်လို။

Taeng ကို လေးစားချစ်ခင်လှသလို Sica ကိုလည်း သူငုံထားမတတ်ချစ်သည်။ ခွင့်လွှတ်လိုက်သည့် သဘောလည်းမဟုတ်။ ဘာရယ်လို့ ရေရေရာရာ မဟုတ်ဘဲ Yoong သည် အန္တရာယ်ကို အေးအေးချမ်းချမ်း ကာကွယ်ရှောင်ရှားလိုသည်။

ဒါကြောင့် Taeng ထူထောင်လာသော နေ့တစ်နေ့ရဲ့ ညစာထမင်းဝိုင်းအပြီး အချိုပွဲစားနေကြစဉ် Yoong သည် ကောက်ကာငင်ကာ စကားစလိုက်သည်။

Yoong: ဪ ပြောမလို့နဲ့ ခုထိ မပြောဖြစ်သေးဘူး Hyung နဲ့ Noona ကို ပြောစရာရှိလို့ ဟိုရက်က Hyung နေမကောင်းလို့ မပြောဖြစ်တာ

Taeng: ဘာများလဲ Yoong

Yoong: ကျွန်တော်နဲ့ Sica အိမ်ခွဲနေမလားလို့ပါ

Taeng: ဟင် 😮

Sica: Wae? 😮

Taeng နဲ့ Sica ထံမှ အံ့အားသင့်သံနှစ်သံ တပြိုင်တည်း ထွက်လာကာ Fany ကတော့ Yoong ကို ဖျတ်ခနဲ ကြည့်လိုက်ပါသည်။

Taeng: ဘာလို့လဲ Yoong အားလုံး အဆင်ပြေနေရဲ့သားနဲ့

Yoong: အဆင်မပြေလို့ မဟုတ်ပါဘူး Hyung ... ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာပြီဆိုတော့ သီးသန့်နေတာ ပိုကောင်းမလားလို့ပါ ... မင်္ဂလာဆောင်ပြီးတည်းက ပြောဖို့ပါပဲ ... ဒါပေမယ့် ရုတ်တရက် ခွဲထွက်သလို ဖြစ်မှာစိုးလို့ အချိန်ဆွဲရင်း ဒီထိဖြစ်လာတာပါ

Sica: Sica လည်း ဘာမှမသိရပါလား Oppa

Yoong: ဟုတ်တယ် Sica ကို မပြောဖြစ်သေးတာ ... ခွဲနေမယ်ဆိုရင် အိမ်လည်း ရှာစရာမလိုပါဘူး ... Sica တို့ အိမ်ကိုလည်း ခြံစောင့်နဲ့ပဲ ပစ်ထားတာဆိုတော့ အဲ့မှာပဲ နေကြမယ်လေ

Destiny 🌟 [Completed]Donde viven las historias. Descúbrelo ahora