Zawgyi - Above
Unicode - Under(Zawgyi)
Yul တစ်ယောက် Taeng တို့အိမ် ရောက်နေကာ စကားပြောနေကြသည်။
Yul: ဒီတစ်ခေါက် သင်္ဘောတက်တာ နည်းနည်းကြာမယ်ထင်တယ်ကွ သင်္ဘောတက်ရတာလည်း ဒီသမီးတစ်ယောက်နဲ့ နောက်ဆံတငင်ငင်ပါကွာ
Yul စကားကြောင့် Fany အတွေးတွေ များသွားရပြန်ပါသည်။
Fany's Pov:
သူသင်္ဘောတက်မယ့် ကိစ္စနဲ့ သမီးကို နောက်ဆံငင်တယ်ဘာညာ ပြောပုံထောက်ရင် သေချာနေပါပြီ ဒါ Yoong ကို ရည်ရွယ်တာပဲ ဖြစ်ရမယ်Taeng: မင်းဒီမှာ စီးပွားရေးတစ်ခုခုလုပ်ပြီး သင်္ဘောတက်တာနားချင်ရင်လည်း ငါတို့ကူညီမှာပေါ့ကွာ
Yul: အေးကွာ အဲ့အခါကျရင်တော့ မင်းတို့အကူအညီ ယူရမှာပဲ လောလောဆယ်တော့ Sica ကို မင်းတို့ဆီမှာ အပ်ခဲ့ပါရစေ Tiffany shi တို့ကလည်း ကိုယ့်သမီးလေးလို သဘောထားပြီး ဆုံးမပေးပါလို့
Fany: ကျွန်မက Sica ကို သမီးလေးလို သဘောထားပြီးသားပါ ကျွန်မတို့ အိမ်ထောင်ကျစကသာ ကလေးရရင် ခုဆို သူ့လောက်ရှိပြီလို့ အမြဲတွေးမိပါတယ်
Taeng: Fany က ကျောင်းဆရာမသာ မဟုတ်တာ ကျောင်းဆရာမ ပါးစပ်ရှိတယ် တော်ကြာ အမြဲဆူနေလို့ Sica ထွက်ပြေးချင်နေပါမယ်ကွာ 😂
Yul: ကောင်းတာပေါ့ကွ Taeng ရ သူ့ကို အခုလို အနီးကပ် ဆုံးမပေးတဲ့သူရှိတာ ကောင်းတာပေါ့ ငါကလည်း အမြဲ ခရီးထွက်နေရတာဆိုတော့ မင်းတို့ဆီပဲ အပ်ထားရမှာပဲ 😄
Fany's Pov:
ဘယ်လိုကြီးလဲ Oppa နဲ့သူ ကွဲသွားတာ အနှစ် ၂၀ ကျော်နေပြီ ဟိုတလောက အမှတ်မထင် ဆေးခန်းမှာ ဆုံမှ ပြန်တွေ့ကြတာကို သူ့သမီးကို ဒီအိမ်နဲ့မှ စိတ်ချသလို ပြောနေပါလား ဒီအတောအတွင်း တခြားခင်မင် ပတ်သက်တဲ့သူတွေ မရှိဘူးလား သေချာပါတယ် Yoong နဲ့ သူ့သမီးကို သဘောတူနေတာပဲ ဖြစ်ရမယ်Sica ရဲ့ သွက်လက်မှုတွေက တစ်နေ့တခြား ပိုပိုဆိုးလာသည်။ Taeng အတွက် အဖြူထည်ဟင်းတွေကို Fany ကိုယ်တိုင် ချက်ပေးနေကျ။ အဲဒါကို Sica က သူချက်မယ်ဆိုပြီး အတင်း မီးဖိုထဲဝင်ကာ အလုပ်သမားတွေပါ ဖယ်ခိုင်းပြီး ချက်နေလေတော့သည်။
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤