Zawgyi - Above
Unicode - Under(Zawgyi)
Taeng: Hum? O.O
Fany: ဟင် 😳
Taeng နဲ့ Fany မှာ အံ့သြပြီး သူတို့နှစ်ယောက်ကို ကြောင်ကြည့်နေမိသည်။
Sica: အန်တီ သဘောတူရဲ့လားဟင် အန်ကယ်ကတော့ သဘောတူမှာပါ နော် အန်ကယ်
Fany: အို Oppa တော့ သဘောတူပြီး အန်တီက ဘာလို့ သဘောမတူရမှာလဲ Sica ကလည်း ခွဲခြားခွဲခြား
Sica: သိဘူးလေ သဘောတူပါ့မလားလို့ ဒါဆို တူတယ်ပေါ့နော် 😁
Fany: မတူစရာတော့ မရှိပါဘူး ဒါပေမယ့် မင်းတို့ဟာက ရုတ်တရက်ကြီးဆိုတော့ ဟုတ်ရောဟုတ်ရဲ့လား သေချာစဉ်းစားကြပါဦး
Sica: သေချာပါတယ် အန်တီရဲ့ Oppa ကို စခင်တည်းက Sica က ချစ်နေတာပါ Oppa က သဘောကောင်းတယ် အလိုလိုက်တယ် စိတ်မဆိုးတတ်ဘူး ဒါတွေကို သိပ်ချစ်တာပဲ
Fany: ဒီလိုဆိုတော့ တော်သေးတာပေါ့ Sica သေချာစဉ်းစားရမယ်နော် နှစ်ဖက်မိဘတွေက သူစိမ်းတွေမဟုတ်ဘူး ငယ်သူငယ်ချင်းတွေလေ သားရေးသမီးရေးကိစ္စကြောင့် လူကြီးတွေ မျက်နှာမပျက်စေနဲ့နော်
Sica: ဟုတ် မျက်နှာမပျက်စေရဘူး အန်တီ Sica တို့ မေတ္တာစစ်နဲ့ ချစ်တာပါ 😁
Fany က Yoong ကို ကြည့်လိုက်တော့ Yoong က လက်ပိုက်ကာ Sica ပြောသမျှကို ချစ်စနိုးလေး ကြည့်နေသည်။
Fany: Sica Appa ကရော သဘောတူမယ်ထင်လား
Sica: ထင်တာ မဟုတ်ဘူး အန်တီ တူတယ် Sica Appa ကီု မေးပြီးပြီ
Fany: ဘယ်တုန်းက မေးလိုက်တာလဲ 😳
Sica: ဟိုတလောကပါ အန်တီ Appa က သဘောကျတဲ့သူတွေ့ရင်ပြောဆိုလို့ Oppa ဆို ဘယ်လိုလဲဆိုတော့ Appa က Oppa ကိုဆို ပြောစရာကို မလိုဘူးတဲ့ သဘောတူပြီးသားတဲ့ 😁
Fany ဘာမှပြန်မပြောနိုင်တော့။
Sica: Sica မီးဖိုချောင် ဝင်လိုက်ဦးမယ်နော် နောက်လည်း ဝင်ရမယ့် မီးဖိုချောင် အကျင့်ဖြစ်သွားအောင်လို့ 😁😁
Sica က ခုန်ဆွဆွလေး စာကြည့်ခန်းထဲက ပြေးထွက်သွားရာ Taeng က Yoong ကို ပြုံးစေ့စေ့နဲ့ ကြည့်နေလေသည်။
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤