Zawgyi - Above
Unicode - Under(Zawgyi)
သူတို့ တပင်တပန်း အားခဲခဲ့သော မင်္ဂလာပွဲကြီး ကျင်းပသည့်နေ့ကတော့ သတို့သမီးလေး Sica ဟာ ဘုံကြိုးပြတ် နတ်သမီးလေးတစ်ပါးအလား ရွှန်းလက်တောက်ပ တင့်တယ်နေလေသည်။ ဘာမှ ထူးထူးခြားခြား မပြုပြင်ဘဲနဲ့တောင်မှ ပါးစပ်အဟောင်းသား ငေးမောရအောင် လှတဲ့သူ ဖြစ်တာကြောင့် သေချာပြင်ဆင်၍ မင်းသမီးလေးလို ဝတ်စားဆင်ယင်လိုက်တဲ့အခါမှာတော့ ဘာမှပြောစရာမလိုအောင် လှလွန်းသူလေး ဖြစ်နေလေတော့သည်။
သတို့သမီးရဲ့အလှဟာ လာသမျှ ဧည့်ပရိသတ်တို့ ချီးမွမ်းမဆုံးဖြစ်နေခဲ့သည်မို့ သတို့သား Yoong မှာ တပြုံးပြုံး။ Taeng ရော Yul ပါ ကျေနပ်ပီတိဖြစ်နေခဲ့ကြတော့သည်။ Fany ကတော့ ပြောစရာပင် မလို။ အစစအရာရာ သူ့လက်သူ့ခြေ တာဝန်ယူစီစဉ်ခဲ့တဲ့ ပွဲဖြစ်တာကြောင့် တစိမ့်စိမ့် ပီတိဖြာနေလေတော့သည်။
စီစဉ်တုန်းက ရက်ရှည်လများ တပင်တပန်းနှင့် ပွဲမစခင် မိနစ်တွေထိ ဗျာများခဲ့ရပေမယ့် နာရီပိုင်းအတွင်း ပြီးဆုံးသွားခဲ့လေသည်။ လက်ထပ်ပြီးပြီမို့ Yoong ရဲ့ ဇနီးချောလေး Sica ဟာ Taeng နဲ့ Fany တို့ရဲ့ အိမ်ကြီးဆီသို့ ယောင်နောက်ဆံထုံးပါ လိုက်လာခဲ့လေသည်။
××××××××××××××××××××××××××××××××
ဘေးမှာ ခပ်ကွေးကွေးလေး အိပ်နေသော Sica မျက်နှာလေးကို Yoong ကြင်နာမြတ်နိုးစွာ ကြည့်နေမိသည်။ အရုပ်ကလေးကဲ့သို့ လှလွန်းတဲ့ ကောင်မလေး ဒီကောင်မလေးကို သူလက်ထပ်ခွင့် ရခဲ့တာကို ယုံတောင်မယုံနိုင်သေးပါ။
အချိန်တိုတိုလေးအတွင်းမှာ သူတို့ချစ်ခဲ့ လက်ထပ်ခဲ့တာ အိပ်မက်တစ်ခုလိုပင်။ သူ့ထက် ၉ နှစ် တိတိငယ်သော ဇနီးချောလေးကို သူက ကြင်နာမှ ဖြစ်လိမ့်မည်။ ကလေးလို ချွဲနွဲ့ကာ ထင်သလိုလုပ်တတ်တာလေးတွေက လွဲရင် Sica လေးက အလိမ္မာလေးပါ။ သူ့အပေါ် အနိုင်ကျင့်တာ စိတ်ကောက်တာမျိုးလည်းမရှိ။ လှစ်လှစ်လှစ်လှစ်နဲ့ တစ်အိမ်လုံးမှာ သူ့လက်ရာ ခြေရာထပ်အောင် အိမ်ရှင်မကြီးသဖွယ် မအားမလပ်အောင်လည်း အလုပ်ရှုပ်နေတတ်သေးသည်။
Yoong's Pov:
သိပ်ချစ်ဖို့ ကောင်းတဲ့ ကောင်မလေး 😍Yoong ကြည့်နေရင်းနဲ့ Sica က အိပ်ပျော်နေရာမှ တဟစ်ဟစ် တိုးတိုးရယ်လိုက်ကာ ပြန်လည် ငြိမ်သက်သွားတာကြောင့် Yoong မှာ တစ်ဖက်လှည့်ပြီး အသံမထွက်အောင် ရယ်လိုက်သည်။
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤