Zawgyi - Above
Unicode - Under(Zawgyi)
အဲ့တည်းက ရင်ဝကိုဖိပြီး ပစ်ထိုင်ကျသွားတည်းက Taeng တစ်ယောက် စကားမေးတောင်မရတော့။ သတိရလာသော်လည်း လှုပ်ရှားလို့မရတော့။
Yoong က Company ပြန်သွားကာ ပွဲကိုဖျက်သိမ်းကြောင်းကြေညာပြီး အိမ်ပြန်လာခဲ့သည်။ ဧည့်ခန်းထဲမှာ Fany က ရှိုက်ကြီးတငင် ငိုနေလေသည်။
Yoong: Noona .. Hyung ဘာဖြစ်တာလဲ
Fany: နင့်အကို လူမိုက်ကြီး ခုတစ်ကိုယ်လုံး လှုပ်လို့မရတော့ဘူး ... ဦးနှောက်ကြောထိသွားတယ်လို့ ပြောတာပဲ ... စကားလည်းပြောလို့ မရတော့ဘူး ... Special Nurse လည်း ရောက်နေပြီ ... အခြေအနေ သိပ်မကောင်းဘူး *cry*
Yoong က Taeng အခန်းထဲကို ဝင်သွားကာ Taeng ကို ကြည့်လိုက်သည်။ Taeng က Yoong ကို မြင်တော့ မျက်ရည်တွေကျလာကာ တအင်းအင်းနဲ့ ညည်းညူနေသည်။ တစ်ခုခု ပြောချင်ပုံရပေမယ့် ဘာမှမတတ်နိုင်တော့။
Yoong: Hyung ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော် ... ကျွန်တော်တို့ ရှိတယ် .. နေပြန်ကောင်းလာမှာပါ
Yoong မှာ သူ့ကျေးဇူးရှင် Taeng ကို ဒီလိုပုံစံနဲ့ မြင်ရတာ စိတ်မကောင်း။ Taeng နဲ့ Sica အပြစ်တူတူရှိရင်တောင် Taeng ကို Yoong အပြစ်မမြင်ရက်။ Taeng နဲ့ Taeng မိဘတွေရဲ့ ကျေးဇူးကြောင့်သာ Yoong ခုလို တင့်တင့်တယ်တယ် နေနိုင်ခြင်းဖြစ်သည်။ Yoong က Nurse ကို အခန်းထောင့်ကို ခေါ်လိုက်ကာ .....
Yoong: ဒီအခြေအနေကနေ ပြန်ကောင်းလာနိုင်လား ဆရာမ
Nurse: ကောင်းလာနိုင်ပါတယ် ... လူနာက ရုတ်တရက် စိတ်လှုပ်ရှားပြီး Shock ရသွားတာဆိုတော့ သူ့ကို စိတ်ချမ်းသာအောင် ဂရုစိုက်ပေးကြဖို့တော့ လိုမယ်
Yoong: ဂရုစိုက်ပါ့မယ် Hyung စကားပြန်ပြောလာနိုင်ဖို့ပဲ အရေးကြီးတာပါ ... ဆေးရုံတင်ဖို့ရော လိုလား ဆရာမ
Nurse: ဆေးရုံထက် အိမ်မှာပဲ ထားတာ ပိုကောင်းပါလိမ့်မယ် ... စိတ်ထိခိုက်စရာ အဖြစ်အပျက်မျိုး ရှိခဲ့ရင်လည်း သူ့ရှေ့မှာ အစဖော်ပြီး ပြန်မပြောကြရင် ကောင်းမယ်
Yoong: Nae
Yoong ထမင်းစားခန်းထဲ ဝင်လာတော့ Fany က မျက်နှာမသာမယာနဲ့ ထမင်းစားနေသည်။
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤