Destiny 🌟 (Final)

1K 82 19
                                    

Zawgyi - Above
Unicode - Under

(Zawgyi)

လူအုပ်ကြီးရဲ့ ရှေ့နားကနေ လျှောက်လာနေတဲ့ Fany ဟာ အသိစိတ်ကင်းမဲ့နေသူလို ငူငူငိုင်ငိုင်နဲ့ တစ်လှမ်းချင်း လိုက်ပါလာသည်။

Fany's Pov:
Oppa သေပြီ ... Oppa မရှိတော့ဘူး

စိတ်တဲကနေ အဆက်မပြတ်ရွတ်နေမိပြီး ထိုအသိကို လက်ခံနိုင်ဖို့ အတော်ကြိုးစားနေရသည်။ Taeng မှာ နှလုံးရောဂါရှိနေပြီဆိုတာ သိရတာ ၁ နှစ်ခွဲသာ ရှိသေးတာကြောင့် ဒီလောက်အချိန်လေးအတွင်းမှာ ဖြစ်သွားတာကို Fany မယုံနိုင်သေး။

Taeng ရောဂါကြောင့် အလုပ်က အနားယူပြီး သိပ်မကြာခင် Jessica ဆိုတဲ့ ကောင်မလေးတစ်ယောက် သူတို့မိသားစုထဲမှာ ဘွားခနဲပေါ်လာတာ၊ Yoong နဲ့ မြန်မြန်ဆန်ဆန် လက်ထပ်ဖြစ်သွားကြတာ ဒါတွေဟာ Fany မျက်လုံးထဲမှာ ရုပ်ရှင်ပြကွက်တွေလို တစ်ကွက်ချင်း ပြန်မြင်နေသည်။

Taeng ရဲ့ နောက်ဆုံးနေ့ရက်များဟာ Fany အတွက်တော့ ဖြေသိမ့်မရနိုင်အောင် စိတ်ဆင်းရဲခဲ့ရတဲ့နေ့ရက်များပင်။ ထို့နောက်တွင်တော့ အနှစ် ၂၀ ကျော် ပေါင်းလာခဲ့သော ခင်ပွန်းဟာ သူမကို လူ့လောကကြီးတွင် ရက်ရက်စက်စက် ထားသွားခဲ့ပြီ။ မထားရစ်ခင် တကယ်ကို ရက်စက်သွားခဲ့သေးသည်ပဲ။

Fany သည် ငိုရှိုက်လို့မရဘဲ ရင်ကွဲပက်လက်ဖြစ်နေသည်။ မိဘတွေ သဘောတူကြည်ဖြူလို့ လက်ထပ်ခဲ့ကြတယ်ဆိုပေမယ့် စတွေ့တဲ့နေ့တည်းက Kim Taeng ဆိုတဲ့ ယောက်ျားကို Fany သိပ်ကို ချစ်မြတ်နိုးသွားခဲ့မိတာ သူကတော့ သိမှာမဟုတ်ပါလေ။

ရင်သွေးလေးတွေ မမွေးပေးနိုင်တဲ့ အပြစ်ကလွဲပြီး ယောက်ျားကို မျက်နှာမညိုအောင် ထားခဲ့တာ။ ဒီပြစ်ချက်ကပဲ Taeng ကို ဖောက်ပြားသောအဖြစ်ကို တွန်းပို့ပေးစေခဲ့တာလား မသိတော့။ အချစ်ကြီးချစ်၍ အနာကြီးနာကာ Fany တစ်ယောက် စိတ်နာလိုခြင်းနဲ့ မပစ်ပယ်နိုင်ခြင်းတို့ကြား လွန်ဆွဲနေသည်။ ခုတော့ သူကပဲ စတင်၍ စွန့်ပစ်ခဲ့လေပြီ။

Fany ကို အားလုံးက ဝိုင်း၍ ငိုချလိုက်ဖို့ပြောနေပေမယ့် Fany ခေါင်းသာခါနေမိသည်။ Fany ငိုလို့မရပါ .. အသွေးအသား အကြောအချဉ်တွေ ဘာမှမရှိတော့သလို ဘာမှကို လုပ်လို့မရတော့ပါ။

Destiny 🌟 [Completed]Tahanan ng mga kuwento. Tumuklas ngayon