Zawgyi - Above
Unicode - Under(Zawgyi)
Yoong လည်း အခန်းထဲအမြန်ပြေးဝင်ကာ ရေချိုးလိုက်သည်။ သူ့ဘဝတစ်လျှောက် ဒီတစ်ကြိမ် ရေချိုးတာ အမြန်ဆုံးပဲ ထင်သည်။ ပြီးလျှင် ဆံပင်တိုတိုလေးကို မြန်မြန်ခေါင်းသုတ်ကာ T shirt အဖြူရောင်နှင့် Jean Pant တစ်ထည်ကို တွဲဝတ်ကာ လှေကားမှ အပြေးတစ်ပိုင်း ပြန်ဆင်းလာလေသည်။ ထမင်းစားခန်းထဲရောက်မှ အရှိန်သတ်ကာ စားလို့မပြီးကြသေးတဲ့ ထမင်းဝိုင်းထဲဝင်ကာ Fany ဘေးတွင် ထိုင်လိုက်သည်။
Fany: မြန်လှချည်လား Yoong
Fany က ခပ်တည်တည်နဲ့ လူမသိအောင် ရိလိုက်တာကြောင့် Yoong လည်း ဟုတ်ကဲ့ ဟု ဟန်မပျက် ပြောလိုက်သည်။ သူဝင်လာတာကို Sica က မျက်လွှာလေး တစ်ချက် လှန်ကြည့်လိုက်သည်။ Sica က Taeng ဘေးမှာ ထိုင်နေကာ သူဟင်းခပ်တိုင်း Taeng ပန်းကန်ထဲပါ ခပ်ထည့်ပေးတတ်သည်။
Taeng: တော်ပြီ သမီး အန်ကယ်က ဒီဟင်းတွေ သိပ်စားလို့ဖြစ်တာ မဟုတ်ဘူးသမီးတို့ သားအဖနဲ့မို့ ဝမ်းသာလို့သာ ရောစားနေရတာ
Sica: ဒီဟင်းတွေက အန်ကယ့်အတွက် ဘာဖြစ်လို့လဲဟင်
Taeng: အန်ကယ်က အငန်နဲ့အဆီကို လုံးဝနီးနီး ရှောင်ရတယ်
Sica: ဘာဖြစ်လို့လဲဟင်
Yul: အေး မင်းစားနေတာ တို့ကနန်း ဆိတ်ကနန်းတဲ့မို့လို့ ကြည့်နေတာ မင်းက ဘာလဲ သွေးတိုးလား နှလုံးလား
Taeng: ငါနှလုံးမကောင်းဘူး Yul ရ
Yul: ဟုတ်လား
Sica: ဟင် အန်ကယ် နှလုံးမကောင်းဘူး ဟုတ်လား နှလုံးရောဂါလားဟင်
Taeng: ဟုတ်တယ် နှလုံးရောဂါပေါ့ သမီးရယ်
Fany: သမီး အန်ကယ်က လွန်ခဲ့တဲ့ နှစ်လလောက်ကဆို အတော်ဆိုးဆိုး ဖြစ်လိုက်သေးတာ မနည်း ကုယူရတယ် အိပ်ရာထဲက ပြန်ထနိုင်တာ မကြာသေးဘူး Mr.Yul သူငယ်ချင်းကို အလုပ်ကနားဖို့ ကျွန်မရော Yoong ရော ဆရာဝန်ရော ညှပ်ပူးညှပ်ပိတ် အကြာကြီး နားချယူရတယ် Yoong တစ်ယောက်လုံး ရှိလျက်နဲ့ သူက နေရာတကာ စိုးရိမ်တတ်လွန်းတယ် Mr.Yul ရယ် ကိုယ့်ကျန်းမာရေးလောက် ဘယ်ဟာက အရေးကြီးလဲ အခုတော့ အစားအသောက်ကို ကြပ်မတ်နေရတာ ၂ လ လောက်ရှိပြီ ဒီနေ့တော့ Mr.Yul တို့ သားအဖ လာတာလည်း သူဝမ်းသာနေတာနဲ့ နည်းနည်းတော့ မြည်းပါစေဆိုပြီး ထားထားတာ သူ့လည်း သနားမိပါတယ် သူစားရတာ ဖြူဖတ်ဖတ် ရေလုံပြုတ်လို ဟာတွေဆိုတော့ ဘယ်အရသာရှိမလဲ
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤