Zawgyi - Above
Unicode - Under(Zawgyi)
Sica ရဲ့ ကိုယ်ဝန်က တဖြည်းဖြည်း လရင့်လာလေပြီ။ ဗိုက်ဖုံးအင်္ကျီအောက်က ဗိုက်ပူပူလေးကြောင့် Sica မှာ ပို၍ပင် အလှတိုး၍လာသည်။ Sica ကို Taeng ဂရုစိုက်တာတွေမြင်ရတိုင်း Fany စိတ်ထဲ နာကျင်ရသလို Taeng ကို Sica ပြုစုတာတွေ မြင်ရတိုင်း Yoong လည်း ခံစားရသည်။
Taeng: Yoong လည်း အားပုံမရဘူး Sica ကို သိပ်ဂရုမစိုက်နိုင်ရှာဘူး
Fany: ဘာလို့လဲ
Taeng: Sica မှာ ဗိုက်ဖုံးအင်္ကျီ ပြည့်ပြည့်စုံစုံရော ရှိရဲ့လားမသိပါဘူး ဝတ်လိုက်တိုင်း ဒီအဝါနုနဲ့ ပန်းရောင်နု နှစ်မျိုးပဲ တွေ့နေရတယ် ... ဒီလိုလုပ်ရအောင် Fany ... ဒီတစ်ပတ် ကိုယ်တို့ ဆေးရုံသွားပြရင်းနဲ့ Sica အတွက် ဗိုက်ဖုံးအင်္ကျီလေးတွေ တစ်ခါတည်း သွားဝယ်ပေးကြရအောင်
Fany ရင်ထဲ အရမ်းနာကျင်သွားရသည်။ Taeng က ဆေးရုံသွားပြတိုင်း အိမ်တန်းပြန်ရုံကလွဲပြီး ဘယ်မှသွားတတ်သူမဟုတ်။ ခုတော့ Sica ဝတ်ဖို့ ဗိုက်ဖုံးအင်္ကျီကို ကိုယ်တိုင် ဆိုင်အထိ သွားဝယ်ပေးမတဲ့လေ။ Fany Taeng ကို ဆတ်ဆတ်တုန်အောင် ဒေါသဖြစ်မိသွားသည်။
Fany: Sica မှာ ဗိုက်ဖုံးအင်္ကျီ အလုံအလောက် ရှိပါတယ် ... ဘယ်သူကများ ဗိုက်ဖုံးအင်္ကျီကို အရောင်ကြောင်ကြောင်ကျားကျားတွေ ဝတ်လို့လဲ အရောင်နုလေးတွေပဲ ဝတ်ကြတာပဲကို ... Sica က ဒီအဝါနုနဲ့ ပန်းရောင်နုပဲ ကြိုက်လို့ ဒါတွေပဲ ဝယ်ထားတာ အရောင်ပဲတူတာပါ ပုံစံမှ မတူဘဲ
Fany သည် ဒေါသဖြစ်လို့ တစ်ယောက်တစ်ခွန်း စကားများကြရင် Taeng ရောဂါ ပိုတိုးမှာစိုးလို့ တစ်သက်လုံး ရန်မဖြစ်အောင် သည်းခံနေခဲ့သည်။ ခုတော့ မမျိုသိပ်နိုင်တော့ဘဲ မကြိုက်ကြောင်းပြချင်လာတာကြောင့် .....
Fany: သူ့ဗိုက်ဖုံးအင်္ကျီ ဝယ်ဖို့ကိစ္စထိတော့ Oppa လိုက်လုပ်ပေးစရာ မလိုပါဘူး
ဒေါသသံမပါစေဘဲ အသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်သည်။
Taeng: ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ... တစ်အိမ်လုံးမှာ တာဝန်ရှိတာပဲပေါ့
ဒီတစ်ခါတော့ Fany ဒေါသကို မထိန်းနိုင်တော့ဘဲ .....
Fany: ဘာလို့ တစ်အိမ်လုံးမှာ တာဝန်ရှိရမှာလဲ ... သူ့ယောက်ျားကလည်း မဝယ်ပေးနိုင်တဲ့သူ မဟုတ်ဘူး ဝယ်ပေးထားတာပဲလေ လိုဖို့နေနေသာသာ ပိုတောင်ပိုနေသေးတယ် ... သူ့ဟာသူ ဒီအရောင်ပဲကြိုက်လို့ ဒါပဲဝတ်တာတော့ မတတ်နိုင်ဘူး
YOU ARE READING
Destiny 🌟 [Completed]
Fanfiction(Both Zawgyi and Unicode) YoonSic TaeNy Myanmar fan fiction ❤