"ဒီမှာပဲ နေလို့မရဘူးလား"ဒူးနှစ်ချောင်းကိုထောင်၍ လက်ဖြင့်ပိုက်ထိုင်လိုက်ပြီးညှိုးငယ်စွာပြောလိုက်သည့်သူ့ထံ အကြည့်သုံးစုံက တစ်ပြိုင်နက်တည်း ရောက်ရှိလာလေသည်။သူမှားနေလို့လား...။
ဟင့်အင်း.....။သူမမှားနိုင်ပါဘူး.....။
ဖေဖေမရှိတော့တာနဲ့ပဲ ဒီအိမ်လေးမှာ သူဆက်နေလို့မရတော့ဘူးတဲ့လား...။အတွေးများဖြင့်တစ်ယောက်တည်း ယောက်ယက်ခတ်နေစဉ် အတန်ငယ်ကျယ်လောင်သောသက်ပြင်းချသံနှစ်ခုကြောင့် သူမော့ကြည့်လိုက်ပါသည်.....။"သားက ကျောင်းသားလေကွယ်...။ပြီးတော့ စာကလဲအရမ်းများတာ.....။ညအထိ Laptopသုံးပြီး ပုံတွေဆွဲရ စာကျက်ရနဲ့ ဒီအခန်းလေးမှာ တစ်ယောက်တည်းစိတ်မချပါဘူးး...။အိမ်ကြီးမှာလိုက်နေတာက ပိုပြီးလုံခြုံတာပေါ့ အသက်ရဲ့....။"
"ဒီမှာလဲ လုံခြုံပါတယ် အန်တီမေမေရဲ့...။အသက် ငယ်ငယ်လေးကတည်းက ဖေဖေနဲ့အတူတူ ဒီအခန်းလေးထဲမှာနေလာတာပဲ....။ဘာမှမဖြစ်ပါဘူး.....။"
"အရင်တုန်းက သားဖေဖေရှိသေးတော့ ဟုတ်တာပေါ့အသက်ရဲ့ ...။အခုက သားဖေဖေမှမရှိတော့တာ....။တစ်ယောက်တည်းလဲဖြစ်တယ်....ကျောင်းသားတစ်ယောက်အနေနဲ့ကြည့်ရင်လည်း ဒီမှာနေရတာမလုံခြုံပါဘူးကွယ်....။
အဲဒါကြောင့် သားဦးဦးက အိမ်ကြီးမှာလာနေခိုင်းဖို့ စီစဉ်ပေးတာ...။""အသက် လိုက်မနေချင်ဘူး..."
သူ့ရဲ့ငြင်းဆန်သံခပ်တိုးတိုးနှင့်အတူ သက်ပြင်းချသံတစ်ခုကလည်း တစ်ပြိုင်နက်ထွက်ပေါ်လာပါသည်....။အားငယ်ရတာအမှန်ပါပဲလား...။သူ့ကိုအုပ်မိုးကာကွယ်ပေးထားတဲ့ အရိပ်တစ်ခုကွယ်ပျောက်သွားခဲ့ရပြီကိုး....။ဖေဖေဘယ်လိုမျိုးနဲ့များ သူ့ကို စိတ်ချလက်ချထားနိုင်ခဲ့ပါလိမ့်....။
"ဘာဖြစ်လို့လဲသားရယ်....။
အားနာရတဲ့လူတွေမှမဟုတ်တာ...။"အားမနာရဘူးတဲ့လား....။
ဒီလိုသူစိမ်းတွေရဲ့ခြံထဲမှာပဲ သူမွေးဖွားကြီးပြင်းလာခဲ့ရတာလေ....။ဒီလို သူစိမ်းတွေကျွေးတဲ့ ထမင်းကိုစားပြီးရှင်သန်လာခဲ့ရတာ....။ဟော....အခုပဲကြည့်...ဖေဖေမရှိတော့တာနဲ့ပဲ အိမ်ပေါ်ကိုခေါ်တင်ထားပြန်ရော.....။Driverရော မာလီပါလုပ်သည့်ဖေဖေ့ကြောင့်သာ သူ ဒီခြံထဲမှာနေခွင့်ရတာဖြစ်ပေမယ့် ဖေဖေအခုလို ဆုံးပါးသွားတော့ သူ့ကို ဒီခြံထဲကနေမောင်းထုတ်ရမှာ မဟုတ်ပါလား....။အခုတော့ ပြောင်းပြန်....။ အိမ်ပေါ်လာတက်နေပါတဲ့ .......။

YOU ARE READING
မောင်
Lãng mạn"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...