အားလုံးပဲ မင်္ဂလာပါဗျ .....။
မကြာခင် ကာလအတွင်းမှာပဲ
Published လုပ်တော့မယ့်
"မောင်"ဆိုတဲ့ LGBT Novel လေးရဲ့
စတင်ဖြစ်တည်လာပုံအကြောင်းကို
မိတ်ဆက်ပေးချင်ပါတယ် .....။မူရင်း၀တ္ထုရဲ့ အရေးအသားများမှ ခွဲထွက်ပြီး
"မောင့်"ကို ပြန်လည်ပုံဖော်၍
ရေးသားဖို့အတွက် လွန်ခဲ့သောငါးနှစ်ကျော်
ကျွန်တော် ကိုးတန်းကျောင်းသားအရွယ်ကတည်းက
စိတ်ကူးရခဲ့ပါတယ်.........။
ငယ်စဉ်ကတည်းက
စာဖတ်ခြင်းကိုဝါသနာပါတဲ့ ကျွန်တော်ဟာ
ကိုးတန်းကျောင်းသားအရွယ်က
ဝတ္တုစာအုပ်တစ်အုပ်ကို
အလွန်သဘောကျခဲ့မိပါတယ်.....။
အရေးအသားနှင့် တင်ဆက်ပုံကောင်းပေမယ့်
မူရင်းစာရေးသူက
ဇာတ်လမ်းရဲ့ တစ်ဝက်လောက်မှာပဲ
ဇာတ်သိမ်းခန်းကို ဖန်တီးပေးလိုက်ခြင်းအပေါ်
ထိုစဉ်က ကျွန်တော့်စိတ်ထဲမှာ
ဘ၀င်မကျမှုများ ဖြစ်ခဲ့ဖူးပါတယ်.........။
ဒါ့ကြောင့် အဆင်ပြေမယ့်
အချိန်တစ်ခုရောက်တဲ့အခါမှာ
"မောင့်"ကို ပြန်လည်အသက်သွင်းပုံဖော်ဖို့အတွက်
ဆုံးဖြတ်ချက်ချခဲ့ပါတယ်........။ယောက်ျားလေးနှစ်ယောက်ရဲ့ကြားကဖြစ်တည်လာတဲ့ အပြစ်ကင်းစင်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို
ရိုးရိုးသားသားဖော်ထုတ်ပြချင်တဲ့ ဆန္ဒဟာ
ကျွန်တော်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒများစွာထဲက
တစ်ခုဖြစ်နေဆဲပါ .....။"ယောက်ျားနှင့်မိန်းမတို့မှ ဖြစ်တည်လာသော
ချစ်ခြင်းမေတ္တာသည်သာ သဘာ၀ကျသည်" ဆိုပြီး
ရှေးရိုးဆန်အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေတဲ့
မူရင်းဝတ္ထုတစ်ပုဒ်ကို LGBT Novelပုံစံ
ပြန်လည်အသက်သွင်းဖန်တီးခြင်းဟာ
တကယ့်လက်တွေ့မှာ ခက်ခဲနိုင်မည်ကို
ကြိုတင်တွေးမိခဲ့ပါတယ် ။
ယခု "မောင့်" ကိုပြန်လည်ပုံဖော်တဲ့ အခါမှာလည်း
မူရင်းဝတ္ထုရဲ့ ၃၀ ရာခိုင်နှုန်းခန့်ကို
ပြန်လည်ကိုးကားထားပါတယ်...။"မောင့်"ကို ခံစားဖတ်ရှုရခြင်းအားဖြင့်
စာဖတ်သူများ စိတ်ကျေနပ်မှုရရှိပါက
မူရင်းစာရေးသူ၏ အထောက်အပံ့များကြောင့်သာဖြစ်၍
စိတ်အနှောက်အယှက်ဖြစ်မှု တစ်စုံတစ်ရာရှိခဲ့ပါက
ပြန်လည်ဖန်တီးသူ ကျွန်တော့်ရဲ့
အမှားမမည်သော အမှားကြောင့်သာ
ဖြစ်ပါလိမ့်မယ် .....။ယခုမှစတင်ပြီး ပထမဆုံးအကြိမ်အဖြစ်
ရေးသားဖန်တီးရမှာဖြစ်တဲ့အတွက်
အမှားတစ်စုံတစ်ရာ မြင်မိပါက
ထောက်ပြပေးစေချင်ပါတယ် ။
စာဖတ်သူများကလည်း
စာရေးခြင်းအတွေ့အကြုံမရှိသေးတဲ့
ကျွန်တော့်လို လူငယ်တစ်ယောက်ကို
နွေးထွေးစွာ ကြိုဆိုမယ်လို့ မျှော်လင့်ပါတယ်.....။အားလုံးကို ကျေးဇူးတင်ပါတယ်.....။
•••••••••••••••••••••••••••••••••••••••••••••••
Y
●29.10.2017
●Sunday
YOU ARE READING
မောင်
Romantiek"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...