မောင် (အခန်း - ၇)

1.8K 192 72
                                    


အိမ်ပြန်ရောက်သည့်အချိန်ကား ညနေငါးနာရီခွဲ.....။
မောင် ကိုယ်တိုင်မောင်းလာသောကားလေး ခြံထဲသို့ကွေ့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စူးရှမွှေးပျံ့လှသောနှင်းဆီပန်းရနံအား ဦးစွာရှုရှိုက်ခွင့်ရရှိပါလေ၏..............။
ခြံထဲရှိမည်သည့်နေရာကိုမဆိုကြည့်ရှုမိလေတိုင်း အရောင်အသွေးစုံလင်လှသော နှင်းဆီပန်းများကိုတွေ့ရသည်မှာလည်း ဤခြံအတွင်းသို့ရောက်လာဖူးသောဧည့်သည်များကို နောက်ထပ်တစ်ကြိမ်ထပ်မံ၍ လာချင်စဖွယ်ဖြစ်အောင် နှင်းဆီပန်းရောင်စုံတို့အား ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသထားနေသကဲ့သို့ ဖြစ်နေပါလေသည်...........။ခြံ၏အပြင်ဘက်မှနေ၍အတွင်းဘက်သို့ကြည့်မိလိုက်လျှင်လည်း စိမ်းစိုနေသောသစ်ပင်များအလယ်၌ ခမ်းနားထည်ဝါလှသောအဖြူရောင်သုံးထပ်တိုက်တစ်လုံးအား နှင်းဆီပန်းရောင်စုံတို့နှင့်အတူ ၀င့်ကြွားစွာတည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါသည်.........။

ခြံထဲသို့ကားဝင်ရောက်သည့်အချိန်မှစတင်၍ နှင်းဆီပန်းရနံများကို မည်သို့သောအချိန်အထိကြာမြင့်အောင် မျက်လုံးစုံမှိတ်ပြီး အားပါးတရရှုရှိုက်မိနေသည် မသိ.......။
အနားမှ ကိုယ်တော်ချောက သူ့ရဲ့ခေါင်းအား ခပ်ဆတ်ဆတ်ပုတ်ပြီးသတိပေးတော့လေမှ မှိတ်ထားသောမျက်လုံးအစုံကိုဖွင့်ကာ အကြောင်းပြချက်တစ်စုံတစ်ရာမရှိတွေးတောနေမိသော ပြန့်ကျဲနေသည့်စိတ်အစဉ်တို့အား ပြန်လည်စုစည်းလိုက်ရပါလေ၏..............။ကိုယ်တော်ချောကတော့ သူ၏အမှတ်သင်္ကေတအတိုင်း ပန်းနုရောင်နှုတ်ခမ်းပါးတို့အား တင်းတင်းစေ့ထားကာ မထူမပါးမျက်ခုံးအစုံအားတွန့်ချိုးထားပြီး ထိုအခြေအနေများကပင် ကားပေါ်တွင်ထိုင်နေသည့်သူ့ကို အိမ်ထဲသို့အမြန်ဝင်ရောက်စေရန်အတွက် တွန်းအားပေးနေသည့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်စေပါလေ၏........။ငယ်စဉ်ကလေးဘ၀မှစ၍ ယခုအချိန်အထိ အတူနေထိုင်ကြီးပြင်းခဲ့ရသူတွေမို့ ယခုမြင်တွေ့နေရသော မောင့်၏မျက်နှာသွင်ပြင်အရ တစ်စုံတစ်ရာအားမကျေမနပ်ဖြစ်နေသည့်သဘောကိုဆောင်နေသောကြောင့် အလျင်အမြန်ပင်ကားပေါ်မှဆင်းကာ အိမ်ထဲသို့ဝင်ရောက်လိုက်ပါ၏..........။ကားပေါ်မှကိုယ်တော်ချောကတော့ အိမ်ထဲသို့မပြေးရုံတမယ်ဝင်ရောက်သွားသောသူ့အား မျက်လုံးစိမ်းများဖြင့်တင်းမာစွာ စူးစိုက်ကြည့်နေလေမလား ......မခို့တရို့မဲ့ပြုံးတို့ဖြင့်စူးစိုက်ကြည့်နေလေမလား သူမတွေးမိ..........။အိမ်အတွင်းသို့အမြန်ရောက်ရေးသည်သာလျင် သူ့စိတ်ထဲဝယ် ကြီးစိုးနေပါလေ၏..........။

မောင်Where stories live. Discover now