မောင် (အခန်း - ၄)

1.6K 173 34
                                    


ဖြည်းညင်းစွာ တိုက်ခတ်လာသော လေပြည်လေညင်းတစ်ချို့ကြောင့် အခန်းအတွင်းမှ အပြာနုရောင် ပြတင်းလိုက်ကာများ လှပစွာယိမ်းနွဲ့လျက်ရှိကြနေလေ၏.....။အခန်းအတွင်း၌ ရှပ်အင်္ကျီကြယ်သီးတပ်သံမှအပ အရာအားလုံးတိတ်ဆိတ်နေလေသည်.....။
အချိန်အားဖြင့် နံနက် (၈)နာရီကျော်ပြီ ဖြစ်လေသည်....။သူ ခဲရောင် Suitအား ဗီရိုထဲမှထုတ်ပေးကာ မောင့်ထံကမ်းပေးလိုက်တော့
မောင်က ရှပ်ကြယ်သီးတပ်လို့ပင် မပြီးသေးပေ...။
အခုလိုအချိန်ဆွဲပြီးလုပ်နေရင် ငါကျောင်းနောက်ကျမယ်မှန်းသိရက်နဲ့ မင်း တမင်ညစ်ပြီး လုပ်နေသလား မောင်ရယ်....။

"မင်း Necktie ချည်တတ်လား ....."

"မချည်တတ်ဘူး...."

"အံမာ....အခုကတည်းက ချည်တတ်အောင်ကျင့်ထားပေါ့...။မင်း ယောက်ျားယူရင် မင်းယောက်ျားကို အမြဲချည်ပေးရမှာလေ....။မရဘူး ငါသင်ပေးမယ်။ Necktie ချည်တတ်အောင်ကျင့်ထား.. "

"ဘာ!......။မင်း အရမ်းလွန်နေပြီနော် မောင်.....။
ငါက ယောက်ျားလေးကွ...။
ယောက်ျားယူစရာမလိုဘူး.....။အချိန်တန်ရင် မိန်းမပဲယူရမှာပေါ့......။ယောက်ျားယူရအောင်
ငါက Gayလည်းမဟုတ်ဘူး......။ မင်းစိတ်ဝင်စားရင် မင်းဘာသာမင်း ယူပါလား....။"

"ဟာ.....မင်းရုပ်က ဒီလောက်ချစ်ဖို့ကောင်းတာ။
မင်းက Gayပုံစံနဲ့ပဲလိုက်တယ်....။Gayပဲလုပ်.....။
ကျောင်းတုန်းက မင်းကို ယောက်ျားလေးတွေ စာလိုက်ပေးကြတာ မှတ်မိလား ....။အဲဒါ မင်းက Gayနဲ့တူလို့ စာလိုက်ပေးတာ နေမှာပေါ့.....။"

"မျိုးမင်းမင်းမောင်!!!!!!!......
ငါ Gayမဟုတ်ဘူးလို့ပြောနေတယ်နော်...။
သူတို့ဘာသာသူတို့ ငါ့ကိုစာလိုက်ပေးတာနဲ့တင် ငါက Gayဖြစိသွားရောလား.....။မှတ်ထား..ငါက
အရင်တုန်းကလဲ Gay မဟုတ်ဘူး....။အခုလည်း မဟုတ်ဘူး...။နောင်လည်း ဟုတ်လာမှာ မဟုတ်ဘူး.....။မင်း Gayဆိုတဲ့ စကားလုံးကို ဒီလောက်စိတ်ဝင်စားနေရင် မင်းကိုယ်တိုင် Gayဘ၀ပြောင်းလိုက်ပါလား....."

သူ အရမ်းကို ဒေါသထွက်နေပြီဖြစ်ပါသည်....။
Gayနှင့်တူသော ဟန်အမူအရာ နည်းနည်းလေးမျှမရှိဘဲနှင့် သူ့ကို လိုက်စနေတာပါလေ......။
သူ့လိုပြောကြေးဆိုလျင်
အမြဲတမ်း အသန့်အပြန့်ကြိုက်တတ်သော၊ ဇီဇာကြောင်တတ်သော မောင်က တစ်ဖြည်းဖြည်း မိန်းမကြီးတစ်ယောက်နှင့် ပို၍တူလာတာ မဟုတ်ပါလား...။သူ့ရှေ့မှ မောင်ကတော့ ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် သူ့ကိုစိုက်ကြည့်နေရင်းမှ
ရုတ်တရက် ရယ်လိုက်ပါသည်....။

မောင်Where stories live. Discover now