မီးခိုးရောင် Mercedes ကားလေးထဲတွင် လူနှစ်ယောက်သည် တိတ်ဆိတ်မှုအတိပြီးသော အတွေးကိုယ်စီတို့နှင့် စီးနင်းလိုက်ပါလာကြသည်.....။ထိုလူနှစ်ယောက်အနက် ကျောက်ရုပ်ကဲ့သို့ လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ကားပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်မြင်ကွင်းများကိုသာ ငေးကြည့်လိုက်ပါလာသော ကောင်လေးတစ်ယောက်၏ မျက်ဝန်းများက ခပ်မှိုင်းမှိုင်း ခပ်ညို့ညို့.......။ကားပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်မြင်ကွင်းများကို ငေးကြည့်လိုက်ပါလာသည်ဟု ထင်ဟန်ရှိသော်လည်း ထိုကောင်လေး၏မျက်ရည်အချို့ရစ်ဖွဲ့သီနေသောမျက်ဝန်းများက မျက်တောင်မခတ်ပဲ
တစ်စုံတစ်ခုသောအကြောင်းအရာအား တွေးတောနေသလိုလို......။ထိုလှုပ်ရှားမှုကင်းမဲ့သောမျက်ဝန်းအစုံကို ဂရုတစိုက်ကြည့်မိပါက နာကျင်မှုတစ်စုံတစ်ရာကို ထပ်တူထပ်မျှခံစားရမိလေမည်ဖြစ်လေသည်......။ထိုနာကျင်မှု၏ မြစ်ဖျားခံရာသည်ကား...........။▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
"မင်းခြေလှမ်းတွေပျက်လို့ကတော့ .....ကျောင်းထွက်ရပြီလို့သာမှတ်နော်......။အေး......အိမ်ထောင်ပြုပြီး ငါ့အကြွေးတွေကိုဆပ်ဖို့တော့မစဉ်းစားနဲ့ သက်ထက်ကျော်..........။ငါက မင်းလုပ်အားနဲ့ရှာလို့ရလာတဲ့ ပိုက်ဆံကိုပဲလက်ခံမှာ...........။သူစိမ်းတွေဆပ်ပေးတာကို လက်ခံမယ်လို့ မထင်လိုက်နဲ့........"
"ဘာလုပ်ရမှာလဲ.......။မင်း ဟိုကောင်နဲ့တွဲပြီး လမ်းလျှောက်လာတာလေ......။မျက်နှာက ပြုံးလို့......ရွှင်လို့........။ငါနဲ့စကားပြောရင် မင်း ဘယ်နှခါများ ပြုံးပြီးပြောဖူးလို့လဲ.....။ပြန်စဉ်းစားကြည့်ဦး......."
"ရည်းစားရနေမှတော့ ဘယ်လိုလုပ်ပြီးစာကျက်လို့ရပါတော့မလဲ.......။
အဲဒီစာမေးပွဲကို ဖြေမနေနဲ့တော့ .......။အိမ်မှာ ထမင်းချက်ပဲလုပ်တော့.........""မောင်က ဘယ်မှာနှောင့်ယှက်နေလို့လဲ မေ,ရဲ့......။သူကသာ မောင့်ကို နှောင့်ယှက်နေတာ........"
"နည်းနည်းလေးဆူမိလိုက်ရင် ငိုချတော့မလိုရုပ်လေးနဲ့......။မင်းရဲ့အကြောင်းကို ငါ့ထက်ပိုပြီး ဘယ်သူမှမသိနိုင်ဘူး........။ငါ့ကို မလိမ့်တစ်ပတ်လုပ်မယ် မကြံနဲ့နော်...........။ရှုပ်ရှုပ်ရှက်ရှက်တွေလုပ်လို့ကတော့ နာပြီသာမှတ်........"
![](https://img.wattpad.com/cover/127030016-288-k668248.jpg)
YOU ARE READING
မောင်
Romantik"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...