မောင် (အခန်း - ၃)

1.6K 172 30
                                    


မနက်ငါးနာရီပုံမှန်နိုးတတ်သည့်အကျင့်ရှိသူမို့ ထုံးစံအတိုင်း နှိုးစက်မြည်လာသည်နှင့် အိပ်ရာမှထလိုက်ပါသည်.....။မျက်နှာသစ်၊ သွားတိုက်၊အိပ်ရာကို ပြန့်နေအောင်ပြန်လည်ပြင်ဆင်ပြီးနောက် စာကြည့်စားပွဲပေါ်ထိုင်လိုက်ပါသည်.....။
Jury၀င်ရမည့်အလုပ်တွေ၊
Presentationအတွက် Power Pointပြင်ဆင်နေရမှုတွေနှင့်အတူ ယခုလို စာမေးပွဲနီးကပ်လာတော့ ပို၍ကြိုးစားရမည် မဟုတ်ပါလား.........။သာမန်လူတွေထက် ပို၍ကြိုးစားနိုင်မှ သူများအရိပ်အောက်ကနေ လွတ်နိုင်မှာပါလေ......။ခက်ခဲနက်နဲလှသော ပုစ္ဆာများအားအာရုံစိုက်နေစဉ် မကြာမီမှာပင် တံခါးခေါက်သံနှင့်အတူ အခန်းထဲသို့ နွယ်နွယ်ဝင်လာလေသည်....။စားပွဲပေါ်လာတင်ပေးသည့် နွားနို့နှင့်ပေါင်မုန့်ကြော်နှစ်ချပ်ကြောင့် သူ အံ့ဩသွားရပါသည်......။ပုံမှန်ဆိုလျှင် ထမင်းကြမ်းနှင့်မနက်စာပြီးတတ်သော သူ့အဖို့ ဤအရာတွေက အံဩစရာပါလေ.....။ အဘယ့်ကြောင့် လာပို့ရတာပါလိမ့်....။

"နွယ်နွယ်"

"ရှင် အကိုလေး..."

"ဒါတွေကို ဘယ်သူလာပို့ခိုင်းတာလဲ...."

"ကိုကိုကြီးပို့ခိုင်းလိုက်တာပါ...."

ကိုကိုကြီးဟု အသံကြားမိမှ ဒင်းအကြောင်းတွေးမိလေသည်..။ဤမိသားစုတွင် 'မောင်'ဟူ၍ ခင်မင်ရင်းနှီးသူများက ချစ်စနိုးဖြင့်အဖျားစွတ်ခေါ်ဝေါ်ကြသော ဒင်းတစ်ယောက်ကိုပဲ အိမ်ရှိလူအကုန်လုံးက
အလေးပေးချစ်ခင်ကြောက်ရွံ့ရလေသည်...။
စိတ်မြန်လက်မြန် ပြုမူတတ်လေသော၊
သူ့ထက် တစ်နှစ်နီးပါးမျှငယ်သော မောင့်အား 'ကိုကိုကြီး' ဟူ၍လည်းကောင်း ၊ ဤမိသားစု၏ မွေးစားသားသဖွယ်ဖြစ်နေသော သူ့အား 'အကိုလေး' ဟူ၍ အိမ်ရှိအလုပ်သမား ကောင်လေး၊ ကောင်မလေးများက ရိုသေစွာ ခေါ်ကြရလေသည်။
ဒင်းက အရမ်းကို လူကြီးဖြစ်ချင်တာလေ.......။

သူ့ကို အငယ်တစ်ယောက်လို ဆက်ဆံ ၊ အမိန့်တွေနှင့် ချုပ်ကိုင်တတ်ပေမယ့်
စိတ်ပါသည်ဖြစ်စေ ၊ စိတ်မပါသည်ဖြစ်စေ ခွင့်လွှတ်နားလည်သည်းခံပေးရမည့် အကြောင်းတရားတစ်ရပ်က ရှိသေးသည် မဟုတ်ပါလား....။
ဩော်.....အခြားမိသားစုတွေလို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်
ရှင်သန်နေထိုင်မိချင်စမ်းပါဘိ......။
အတွေးတို့ တောင်စဉ်ရေမရပျံ့နံှ့နေစဉ် နွယ်နွယ်၏လက်တို့သတိပေးမှုကြောင့် အတွေးတို့အား ပြန်လည်စုစည်းလိုက်ပါသည်....။

မောင်Where stories live. Discover now