တစ်ညလုံးအိပ်ရေးပျက်ထားသည်မို့ စူးရှတောက်ပလွန်းလှပါသည်ဆိုသောမျက်ဝန်းများက ခပ်မှိုင်းမှိုင်း ခပ်ညိုညို........။
မျက်ရည်များဖြင့်အနားသတ်ခဲ့သော မျက်ဝန်းအိမ်တို့က ယခုထိတိုင် ခြောက်သွေ့မနေပါချေ........။
နောက်ဆုံးမျက်ရည်စက်များက မျက်ဝန်းသခင်ဆီမှ ပြိုဆင်းလာခဲ့ပြီးပါသော်လည်း ထပ်မံ၍ ပြိုဆင်းချင်နေသောမျက်ရည်များအား တိုတိုတုတ်တုတ်မျက်တောင်မွှေးများမှ အံကြိတ်၍ ထိန်းထားခဲ့လေခြင်းဟု သက်သေပြနေသော ငွေရောင်စိုလဲ့နေသည့်မျက်ဝန်းညိုများက စိတ်ပင်ပန်းနွမ်းနယ်နေမှုကို အတိအကျ ဖော်ပြနေလေသည် .........။ လက်ထဲမှနာရီကိုကြည့်မိတော့ နံနက် (၆)နာရီခွဲ..........။အိမ်အပြင်ဘက်ဆီမှ ကျေးငှက်တို့၏ တီတီတာတာအော်မြည်သံများက မိုးလင်းလာသည်နှင့်အမျှ အခန်းတွင်းသို့ တစ်စထက်တစ်စ ထိုးဖောက်ဝင်ရောက်လာပါလေ၏.........။
တိတ်ဆိတ်နေသောအခန်းအတွင်းသို့ နေမင်း၏အလင်းရောင်များက ပြတင်းပေါက်များမှတစ်ဆင့် အလုအယက်တိုးဝှေ့ဝင်ရောက်နေကြလေသည်မှာ လှပခမ်းနားသော ပန်းချီကားတစ်ချပ်နှယ် .... ......။ရှုပ်ထွေးနေသော သူ၏စိတ်အာရုံထဲသို့ ၀င်ရောက်လာသော တစ်စုံတစ်ရာသည်ကား မျက်ဝန်းလေး တစ်စုံ...........။
အတိအကျပြောရလျှင် သူသိပ်မြတ်နိုးရပါလေသော မျက်ဝန်းတစ်စုံ..........။
ကျိန်းစပ်နေသောမျက်ဝန်းတို့အားအနားပေးရန်အတွက် လေးလံနေလေပြီဖြစ်သော မျက်ခွံတို့အား အသာအယာမှိတ်လိုက်ပါလေသည်........။
ယခုအချိန်တွင်မူ
သူ၏အတွေးထဲတွင် မျက်ဝန်းလေးတစ်စုံသာ ရှိ၏.........။တင်းတင်းစေ့ထားသော ပန်းနုရောင်နှုတ်ခမ်းပါးထက်တွင်မူ
ရှားပါးလှသော အပြုံးတို့က မှီခိုလျက်........။
မျက်ဝန်းတစ်စုံအားအကြောင်းပြု၍ ဖြစ်တည်လာသောအတွေးများက လွန်လေခဲ့ပြီးလေသော ပန်းနုရောင်အတိတ်ဆီသို့ ...........။ရည်မှန်းချက်အိပ်မက်များနုနယ်စအရွယ် ငယ်စဉ်တုန်းက သူတို့ခြံထဲသို့ အသက် စတင်ရောက်လာသည့်အချိန်တွင်မူ သူက သူငယ်တန်းစတက်နေလေပြီ ဖြစ်သည် ........။
ကျောင်းတက်ရက်များစတင်ပြီး သိပ်မကြာခင်တစ်ရက် ညနေအချိန် သူကျောင်းက ပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲတွင် လူတစ်ယောက်၏နောက်ကျောမှ ပုဆိုးစကိုဆွဲ၍ရပ်နေသော သူ့အရွယ်ခပ်ပြည့်ပြည့်ကောင်လေးတစ်ယောက်ကို နောက်ကျောမှနေ၍ သူမြင်တွေ့လိုက်ရလေသည်.......။ဦးသက်ကျော်ကို Driver အသစ်ခန့်လိုက်တာ အဲဒီအပိုဆုကလေးက ပါလာသတဲ့.........။ဧည့်ခန်းထဲတွင် ထိုင်နေသော ဖေ့ဆီမှ မည်သည့်စကားသံမျှမကြားရပါသော်လည်း မေ့မျက်နှာတွင်မူ စိတ်ရှုပ်မှုဖြင့် ခပ်မှိုင်းမှိုင်း...........။
YOU ARE READING
မောင်
Romance"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...