လေပြေလေညင်းလေးများအား လူတိုင်းကြိုက်နှစ်သက်ကြသည်။လေပြေလေညင်းများအား ခံစားရမိသူလူတိုင်း စိတ်ကျေနပ်အပန်းပြေကြသည်။တစ်နည်းအားဖြင့်တင်စားရသော် လေပြေလေညင်းဆိုသည်မှာ အငြိမ့်ပွဲတစ်ပွဲ၏ ရှေ့ထွက်မင်းသမီးနှင့် တူသည်။ခေါင်းဆောင်မင်းသမီးဖြစ်သော "မုန်တိုင်း" မရောက်လာသေးသရွေ့ ပရိတ်သတ်များစိတ်ကျေနပ်မှုရရှိစေရန် အစွမ်းကုန်ကပြဖျော်ဖြေရပြီး ခေါင်းဆောင်မင်းသမီး ကပြဖျော်ဖြေ ချိန်တွင် သူမ၏အခန်းကဏ္ဏလည်း တစ်ခန်းရပ်သွားလေ့ရှိသည်။လူတိုင်း "လေပြေလေညင်း"ကို သဘောကျနှစ်ခြိုက်ကြသော်လည်း "မုန်တိုင်း"ကိုမူ
ရွံ့ရှာကြောက်ရွံကြသည်။တကယ်တော့ မုန်တိုင်းသည်လည်း သဘာဝတရား တစ်ခုသာဖြစ်ပါသည်။လူတိုင်း ဤသဘာဝတရားကို လက်ခံကြရမည် ဖြစ်သည်။မုန်တိုင်းပြီးလျှင်တော့ လေပြေနုနုအေးအေးလေးများ ပြန်လည်တိုက်ခတ်တတ်ပါသည်။မည်သို့ပင်ဖြစ်စေ.......အရာအားလုံး အပြစ်မဲ့ကြပါသည်....။<><><><><><><><><><><>
"မင်းကို ငါ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်...။ငါ့တစ်ယောက်တည်းရဲ့ မျက်နှာကိုပဲ ကြည့်စေချင်တယ်...။ငါရဲ့ရင်ခွင်မှာပဲ မင်းဘ၀တစ်ခုလုံးကို ခိုလှုံစေချင်တယ်....။ဘာတွေမှားခဲ့လဲ ငါမသိခဲ့ပေမယ့်. သေချာတာကတော့ ငါမင်းကိုအဆုံးရှုံးမခံနိုင်ဘူး....။"
●မျိုးမင်းမင်းမောင်●
■မျိုးမင်းမင်းမောင်သည် အသက်နှစ်ဆယ့်တစ်နှစ်အရွယ် အဝေးသင်တက္ကသိုလ်မှ English Majorဖြင့် ပူပူနွေးနွေး ဘွဲ့ရထားသော အရပ် ၆ပေနီးပါးမြင့်သည့် ကောင်ချောလေးတစ်ဦးဖြစ်သည်။
ဖြူဖွေးစွတ်နေသောအသားအရေ၊ယောက်ျားပီသသည်ထက်ပို၍ချောမောသော မျက်နှာတည်ဆောက်ပုံ၊မာနအလွန်ကြီးနိုင်သည်ဟု ခန့်မှန်းရသော အမြဲတမ်းတင်းတင်းစေ့ထားသည့် ပန်းနုရောင်နှုတ်ခမ်းပါး၊စူးရှသောအကြည့်တစ်စုံနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုကို ဖော်ပြနေသည့် မေးရိုးများအားပိုင်ဆိုင်ထားသည်။တစ်စုံတစ်ယောက်သောသူအတွက် Dayတက်ရမည့်အခွင့်အရေးကိုစွန့်လွှတ်ကာ အဝေးသင်တက်လျက် ဖခင်ပိုင်ဆိုင်သောHotelတွင် Fist Yearမှစ၍ ယခုဘွဲ့ရပြီးသည်အထိ အောက်ခြေမှစပြီးအလုပ်ကိုကြိုးစားသင်ယူနေသူတစ်ဦးဖြစ်သည်။ယခုအခါတွင် Manangerရာထူးမှရသောလစာဖြင့် တစ်စုံတစ်ယောက်ကို ထောက်ပံ့ပေးနေသော ခန့်မှန်းရအလွန်ခက်သည့် လူတစ်ဦးဖြစ်သည်။
YOU ARE READING
မောင်
Romantizm"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...