Normal Type Novelမှ LGBT Type Novelသို့
ပြောင်းလဲဖန်တီးတဲ့အခါ
များပြားလှသောအခက်အခဲများဟာ
စိန်ခေါ်မှုတွေနဲ့အတူ
Authorများကို စောင့်ကြိုနေကြစမြဲပါ။
"မောင့်"ကို ပြန်လည်အသက်သွင်းတဲ့နေရာမှာ
ကျွန်တော့အတွက် အခက်ခဲဆုံးကတော့
ရေးသားချိန် အတည်တကျမရှိတာပါပဲ.....။
စကားလုံးဖွဲ့စည်းပုံမှ အစပြု၍
အရေးအသားကျစ်လစ်သိပ်သည်းပုံ အဆုံး
Readerများရင်ထဲကို ရောက်စေချင်တာဟာ
ကျွန်တော့်ရဲ့ စစ်မှန်သောစေတနာပါ....။ကျောင်းစတက်ချိန်၁ပတ်မပြည့်သေးသော်ငြားလည်း
Projectများ၊စာတမ်းများ ပိနေတဲ့
ကျွန်တော့်လို ဗိသုကာကျောင်းသားအဖို့
"မောင့်"ကို ပုံမှန် Updateမလုပ်ဖြစ်တဲ့အတွက်
"မောင့်"ကိုစောင့်မျှော်နေသူ Rederများကို
ဦးစွာတောင်းပန်ပါရစေ.......။
"မောင့်"ကို ဝေဖန်မပေးကြသော်ငြားလည်းပဲ
Silent Readerအနေနှင့် ဖတ်ရှုပေးကြသူ၊
ဝေဖန်ပေးကြသူ ၊စောင့်မျှော်ပေးကြသူအားလုံးကို
တကယ် ကျေးဇူးတင်ပါတယ်နော်.......။
"မောင့်"ကိုUpdate မှန်မှန်လုပ်ပေးဖို့
တစ်ပတ်တစ်ခါ Chat Boxမှ သတိပေးတတ်တဲ့၊
၂ ပတ်ကျော်အောင် Updateမလုပ်ဖြစ်တဲ့အတွက်
စိတ်ဆိုးသွားတဲ့
မမ ကိုလည်း အရမ်းအားနာရသလို
အထူးပဲကျေးဇူးတင်ပါတယ်......။"မောင့်"ကို ပြန်လည်အသက်သွင်းရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဟာ
လူတိုင်းလက်ခံမပေးကြတဲ့၊လူတိုင်းရွံမုန်းနေကြတဲ့
LGBTတွေရဲ့စိတ်ခံစားမှုများနဲ့ ဘ၀အခြေအနေများကို
အခြားသူတွေ သိရှိနားလည်လက်ခံလာစေဖို့ပါ.....။
"မောင့်"ကို ဖတ်ရှုရခြင်းအားဖြင့်
LGBTများရဲ့ဘ၀ကို နားလည်လက်ခံပေးတယ်ဆိုရင်ပဲ
ကျွန်တော် ပြန်လည်အသက်သွင်းခွင့်ရကျိုးနပ်ပါပြီ။"မောင့်"ကို ဖတ်ရခြင်းအားဖြင့် Readerများစိတ်ကျေနပ်မှုရှိပါက မူရင်းစာရေးသူကြောင့်သာဖြစ်၍ စိတ်ကျေနပ်မှုမရှိပါက ကျွန်တော့်ရဲ့အမှားကြောင့်သာဖြစ်ပါတယ်.....။
အားနာစွာနဲ့ပဲ ဆက်လက်တောင်းဆိုပါရစေ....
ဘယ်နေ့ ဘယ်အချိန် Updateမယ်မှန်းမသိသော
"မောင့်"ရဲ့အပိုင်းသစ်လေးကို
စောင့်မျှော်ပေးကြပါဦးနော်.........။
ဝေဖန်သူတွေရဲ့စကားတစ်လုံးချင်းစီကိုလဲ
ကျွန်တော်အလေးထားနေမှာပါ......။
မဝေဖန်ပေးပေမယ့် မောင့်ကို သဘောကျပေးတဲ့
ကျွန်တော့်လို Silent Readerလေးများကိုလည်း
ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်....။#TamarWine197
#19 th December,2017
#Tuesday
YOU ARE READING
မောင်
Romance"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...