'အသက်ကို မောင်ပိုင်တယ်' တဲ့လား....။ ဘာလို့များ ဒီလိုပြောရတာပါလိမ့်.....။ ဒီအကြွေးတွေကို ဒီတစ်သက် သူပြန်မဆပ်နိုင်ဘူးလို့များ မောင်ထင်နေလေသလား......။လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်တော့ ရှိသင့်တာပေါ့ မောင်....။ဒီလို စာရင်းဇယားတွေနဲ့ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို မပိတ်ပင်ချင်ပါနဲ့လားကွာ....။လွတ်လပ်ခွင့်......။အများသူငှာပိုင်ဆိုင်နေ
ရသည့်လွတ်လပ်ခွင့်ကို သူလည်း တစ်ကြိမ်လောက်ပိုင်ဆိုင်ချင်မိပါ၏....။ဘယ်တော့များမှပါလဲ....။ဘယ်တော့များမှ မင်း ငါ့ကို လွတ်လပ်ခွင့်ပေးမှာလဲ မောင်....။မိဘနှစ်ပါးလုံးမရှိတော့၍ အားငယ်နေရသည့်ကြားမှ ဒီလိုမျိုးပိတ်ပင်မှုတွေကို ကြုံတွေ့နေရသည်မှာ အထူးအဆန်းပင် မဟုတ်သော်ငြားလည်း သူတစ်ကယ်ဝမ်းနည်းမိပါလေ၏.......။
မင်းအပေါ်မှာ ၀ဋ်ကြွေးတွေများရှိခဲ့မိရင်လည်း
ဒီဘ၀မှာတင် ကျေပါရစေလား မောင်ရယ်.....။နန္ဒာတို့ပြောနေသည့် သန့်မင်းထက် ဆိုသည်မှာ Civil Major မှ ရုပ်ရည်ချောမောပြေပြစ်၍ စာအလွန်တော်သော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်တစ်ဦးပါပဲ....။
ချမ်းသာကြွယ်ဝ၍ ယဉ်ကျေးလိမ္မာသော ပညာတတ်မိဘနှစ်ဦးမှ ဆင်းသက်လာသူပီပီ အပြောအဆို နူးညံ့သိမ်မွေ့လေသော ကျောင်းသားတစ်ဦးပါ......။အတန်းထဲတွင် ခပ်အေးအေးနေတတ်ပြီး အချိန်ရတိုင်း စာအုပ်နှင့်မျက်နှာခွာသည်မရှိ....။သူ့ကို အမြဲကြည့်လိုက်လျှင် မျက်မှန်ဝိုင်းဝိုင်းထူထူလေးနှင့်လိုက်ဖက်စွာ ဖြူစင်သောမျက်နှာလေးက မြင်ရသူအပေါင်းကို စိတ်ကြည်နူးစေလေ၏....။အမြဲတစေ မျက်နှာတည်တည်နေတတ်ပြီး စာကြိုးစားသောကြောင့် မိန်းကလေးများ၏ တိတ်တခိုးချစ်ခင်မှုနှင့်အတူ လေးစားအားကိုးမှုတို့ကိုပါ ရရှိထားသူပါပဲ.....။ အတန်းထဲတွင်လည်း ငယ်သူငယ်ချင်းနှစ်ဦးဖြင့်သာ ပေါင်းသင်းတတ်ပြီး
ဘယ်မိန်းကလေးများနှင့်မျှ ရောနှောနေထိုင်ခြင်းမရှိပဲ သီးသန့်နေတတ်သူ ကိုလူချောလည်းဖြစ်ပါ၏.....။ဆရာ၊ဆရာမများ၏စကားကို မြေ၀ယ်မကျနားထောင်တတ်ပြီး စာကြိုးစားသူဖြစ်သောကြောင့် ဆရာတွေကလည်း အလွန်ပင် ချစ်ခင်ကြပါလေ၏.....။အသက် သူ့ကို သတိထားမိတာ ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာပါလေ.....။တက္ကသိုလ်တို့၏ထုံးစံအတိုင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကျောင်း၏ King နှင့် Queen ကို ရွေးချယ်ကြရုံသာမက တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်များအရ မေဂျာအလိုက်ထူးချွန်သော Roll.1များကိုလည်း ထူးချွန်ဆုပေးတတ်လေ့ရှိကြပါ၏....။မျက်နှာထားတည်တည်နှင့် Civil Major ၏ ပထမနှစ် ထူးချွန်ဆုကို သူကိုယ်တိုင်လက်ခံရယူချိန်တွင် ခပ်တည်တည်မျက်နှာထားနှင့် ချောမောခန့်ညားမှုတို့က Major၏ Kingအဖြစ်သာမက တစ်ကျောင်းလုံး၏ Kingအဖြစ် ကျောင်းသားကျောင်းသူများကြားထဲတွင် ထင်ရှားစေခဲ့တာပါလေ......။
ထူးဆန်းသည်မှာ ကျောင်း၏Queen ဘွဲ့ကို သန့်မင်းထက်တို့မေဂျာမှ ပထမနှစ်ကျောင်းသူဖြစ်သော မိုးသက်စံက ရရှိသွားလေရာ ထိုစာသင်နှစ်အဖို့ Civil Major အတွက် မျက်နှာပန်းလှသော နှစ်တစ်နှစ်ပင် ဖြစ်ခဲ့ပါလေ၏....။
YOU ARE READING
မောင်
Любовные романы"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...