သူ အိမ်လေးထဲမှထွက်ခွာလာတော့ မှောင်ရီပျိုးစအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်...။
အိမ်ကြီး၏ဘေးမှပတ်ကာ အိမ်ရှေ့ကိုရောက်တော့ ဧည့်ခန်းတွင် မောင်တို့မိသားစုအကုန် ထိုင်နေကြသည်ကို တွေ့လိုက်ရလေ၏...။"ဟော !သား. အသက်။လာ ထိုင်ဦး"
ထိုင်ခုံမှာဝင်ထိုင်လိုက်စဉ် မောင်က ပန်းသီးစိတ်စားနေရာမှ သူ့အား တစ်ချက်လှမ်းကြည့်လိုက်လေ၏...။မောင်တို့ ညစာ စားပြီးကြပြီ ထင်ပါသည်....။
"ဒီနေ့ကစပြီး သား ဒီအိမ်ပေါ်မှာပဲနေရမယ်..။
မောင့်ဘေးက အခန်းမှာပဲ သားနေဖို့ စီစဉ်ပေးထားတယ်နော် ...။""ဟင်!.."
"ဘာပဲဖြစ်ဖြစ် သားက ဦးဦးတို့သားဆိုရင်လည်း မမှားဘူး.....။ဒီတော့ မိသားစုလိုပဲ နွေနွေးထွေးထွေး ပျူပျူငှာငှာဆက်ဆံတာကိုပဲ ဦးလိုချင်တယ်...။
ဟုတ်ပြီလား...သား...။""ဟုတ်ကဲ့ ဦးဦး "
"အားမငယ်နဲ့ ။မကြောက်နဲ့ ။သားဖေဖေ ကိုသက်ကျော်မရှိတော့တာကိုတွေးပြီးအားငယ်နေရင် သားရှေ့ဆက်လျှောက်ရမယ့်ခရီးက ကြန့်ကြာနေမှာ...။ဒီတော့ ဦးဦးကို အဖေလိုသဘောထား ။သင်းကို အမေလိုသဘောထား. ...။မောင်ကတော့ သားရဲ့ညီလေးပေါ့ ....။"
"ဟုတ်ကဲ့..."
"ဖေဖေကလည်း မောင်က သူ့ထက် တစ်နှစ်မပြည့်တပြည့်လောက်ပဲ ငယ်တာကို ...
စကားထဲထည့်ပြောရတယ်လို့.....။"မောင့်ထံမှ နှုတ်ခမ်းလေးဆူကာ မကျေမနပ်သံထွက်လာပေမယ့် ထုံးစံလိုဖြစ်နေတာမို့ ဦးဦးက ဘာမှဝင်မပြောတော့ပါလေ...။ဒင်းက ငယ်ငယ်လေးကတည်းက သူ့ထက်အငယ်ဖြစ်မှန်း လူသိမှာ သိပ်ကြောက်တာလေ....။"ညီလေး"လို့ ခေါ်ချင်ခဲ့ပေမယ့် သူ့ကိုခပ်နှိမ်နှိမ်ခေါ်ရမလားဟု ငယ်ငယ်ကတည်းက ရန်တွေ့ခဲ့သဖြင့် "မောင် "ဟူသော အိမ်နာမည်ကိုသာခေါ်ရင်း နှုတ်ကျိုးနေရတာပါလေ.....။
သူ့နှုတ်မှ 'အသက်'ဟူ၍သာ နှုတ်ကျိုးခဲ့ပါလျက်
သူကတော့ ဦးဦးတို့ရှေ့မှာသာ ခေါ်တတ်ပြီး အများသောအားဖြင့် "ဟေ့".."မင်း "....စသဖြင့်
ခပ်ရိုင်းရိုင်းသာ ခေါ်ဝေါ်ခဲ့တာပါ....။"အသက်" ဟုခေါ်ရမှာထက် "သက်ထက်ကျော်"ဟူသော နာမည်အရင်းကိုသာ ခပ်မာမာခေါ်ရသည်ကို ပို၍နှစ်သက် သဘောကျပုံရတာမို့ သူလည်း ဘာမှမပြောဖြစ်တော့...။ငယ်စဉ်ကတည်းက နှုတ်ကျိုးခဲ့သည့် "မောင်" ဟူသော နမ်စားကို မည်မျှပင်စိတ်ဆိုးပါစေ....သူကတော့ အခြားအသုံးအနှုန်းဖြင့် ပြောင်းလဲခေါ်ဝေါ်ခြင်း မရှိခဲ့ပါလေ.....။
YOU ARE READING
မောင်
Romance"သူ့ကို ကျွန်တော့်ရဲ့အမိန့်တွေအောက်မှာပဲ ရှင်သန်ကြီးပြင်းစေချင်တယ်..." ●မျိုးမင်းမင်းမောင်● "ခန့်မှန်းရအလွန်ခက်တဲ့ မင်းကို ငါ.... ထာဝရအရှုံးပေးထားပါတယ်......." ●သက်ထက...