Arthit'pov
မာကြောနေတဲ့ ကြမ်းပြင်ပေါ်ကို တွန်းလှဲ ခံလိုက်ရသည်။
"..Owi."
"Ha....မင်းလာတိုက်တာနော်...."
ဒါက သမရိုးကျဖြစ်ရိုးဖြစ်စဉ်တခုပါပဲ...
မြည်းကောင်တေ ဆီက ကြားရတဲ့ အမှားတေပေါ့....ကျွန်တော် ကိုယ့်ဘာသာ ကုန်းထရင်း တွေးမိ၍ ကြိတ်ရီလိုက်မိသည်။
ငရဲကို သွားစမ်းပါ လို့ သူတို့ကို ပြောချင်ပေမဲ့ စိတ်ထဲကပဲ ကြိတ်ပြီး ပြောလိုက်ရသည်။ အဲ့လို ပြောလိုက်ဖို့ ကျွန်တော့မှာ သတ္တိ မရှိပါဘူး။
သူတို့ ထွက်သွားကြတော့ ကျွန်တော် စိတ်အနဲငယ် သက်သာသွရပြီး သက်ပြင်းချလိုက်မိသည်။
ကျွန်တော်လဲ ကျွန်တော်ရဲ့ နောက်ဆုံး အချိန်တက်ရန် ထွက်လာခဲ့လိုက်သည်။
Physics .....
Ahh....ကျွန်တော် physics ဆိုသော ဘာသာကို တကယ့်ကို မုန်းပါသည်။
ကျွန်တော်လဲ ကျွန်တော့်ရဲ့ အတန်းရဲ့နောက်ဆုံးမှာရှိနေတဲ့ ထောင့်လေးက ခုံကို မြန်မြန်ပဲသွားလိုက်ပါသည်။ ခုံလေးပေါ်က နာမည်လေးကို မြင်တော့ ပြုံးမိလိုက်သည်။Arthit's corner
ကျွန်တော်ကိုယ်တိုင်ထွင်းထားတဲ့ ကျွန်တော်ရဲ့ပိုင်ဆိုင်ကြောင်း သက်သေပြချက်လေူးပေါ့....
ကျွန်တော်လဲ ခုံမှာထိုင်ပြီး ကျွန်တော့ရဲ့ ပါးစပ်ထဲက ပီကေ ကိုထုတ်ကာ ခုံအောက်မှာ ကပ်လိုက်သည်။ ကျွန်တော့်ကို ဘသူကမှ အရေးတယူမလုပ်ကြပါဘူး...အကုန်လုံး က ဆရာမဆီမှာပဲအာရုံရောက်နေကြတာကြောင့်ပါ။
ကျွန်တော့်မှာလဲ...နူးညံ့ တဲ့ နှလုံးသား လေး တစုံ ရှိပါသည်။ကျွန်တော်က ဘာလို့ ကောင်းတဲ့ ဘဝကို မပိုင်ဆိုင်နိုင်ရတာလဲ????
ကျွန်တော့်ကို ချစ်မဲ့သူတယောက်ကို ဘာလို့ မတွေ့ရတာလဲ?????
လူတေက ကျွန်တော့်ကို ရွံမုန်းနေတာတေကို ကျွန်တော် တော်တော်ပင်ပန်းနေပါပြီ။
ကျွန်တော် က gay ဆိုတာကို မသိခင်ကတော့ လူတေက ကောင်းကြပါသေးသည်။
ကျွန်တော့ မျက်လုံး ထဲတွင် မျက်ရည်တေပြည့်လာသလို ခံစားလိုက်ရသည်။
ကျွန်တော် ကပျာကယာပဲ မျက်လုံးကို အင်္ကျီလက်နှင့် သုတ်ပစ်လိုက်မိသည်။
ဆရာမကိုသာ အာရုံစိုက်လိုက်တော့သည်။
နေ့တနေ့က တော့ ပြီးဆုံးသွားပါပြီ
ကျွန်တော် ပလက်ဖောင်းပေါ်လမ်းလျှောက်နေမိသည်။ ရာသီဥတု သာယာနေလို့လားဆိုတော့....မဟုတ်ပါ။
ရာသီဥတု က အေးစိမ့်နေလေသည်။
ကျွန်တော့်ကိုယ်ပေါ်မှာက ဟောင်းနေတဲ့ T-shirt လေးရယ်....ပြဲနေတဲ့ jean-coat တထည်တည်းသာရှိနေပါသည်။
![](https://img.wattpad.com/cover/129542946-288-k12000.jpg)