Kong'pov
ကျွန်တော် နှစ်တွေအကြာကြီး ကြောက်နေခဲ့ရတယ်....အရာရာတိုင်းကို အမှားတွေလုပ်မိမှာကိုစိုးရိမ်နေရသည်။ နှစ်တွေအကြာကြီး...ဟုတ်သည်...နှစ်တွေကြာခဲ့လို့ ခုဆို Slia နဲ့ Marievတောင် ကျောင်းတက်ရတော့မည်။
"Daddyရေ..ပါးပါးရေ...သမီး ပြီးပြီ" ဟူသော အသံစာစာ နှင့်အတူ အပေါ်ထပ်မှ နေ၍ သူမရဲ့ လွယ်အိတ် ခရမ်းရောင် လေးကိုလွယ်ကာ ဆင်းလာသော Marie ဆီသို့ ကြည့်လိုက်မိသည်။ သူမက မီးခိုးရောင် ရှပ်အကျီင်္ီကို အဖြူရောင် ဂျင်းနှင့်တွဲဝတ်ထားသာ သူမ က " မီးမီး လှနေလို့မနာလိုမဖြစ်နဲ့နော်" ဟု ပြောလာ၍ သမီးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မိသည်။ အဖြူရောင်ခေါင်းစည်းကြိုးကိုစည်းထားပြီး အနက်ရောင် ရှူးတွေနှင့် မျက်လုံးထဲ ကြည့်ရသည်မှာ လိုက်ဖက်လှသည်။
"မီးမီး ဘလိုနေလဲ" ဟု သူမရဲ့နှုတ်ခမ်းလေးကို ကိုက်ပြီး မေးလာသော သမီးငယ်ကြောင့်
" ကြည့်လို့ကောင်းပါတယ်...ကလေးရယ်" ဟု ပြောရင်း သမီး ရဲ့အရွယ်ရောက်လာမှုကို ကြည်နူးပြီး မျက်ရည်တွေပင်ဝဲလာရသည်။
"သားလဲ ပြီးပြီ" ဟု အော်ပြီး Slia အပေါ်က ဆင်းလာ၍ သားဆီ မျက်နှာလွှဲမိတော့ သားကလဲ မီးခိုးရောင် ရှပ်လေးပေါ်တွင် ဝံပုလွေရုပ်လေးပါသော အင်္ကျီကို အမဲရောင် ဘောင်းဘီရှည် ဖိနပ်အနက်တို့ဖြင့် လိုက်ဖက်အောင် ဝတ်ထားသည်ကိုတွေ့လိုက်ရသည်။
" Daddy ကလေးနှစ်ယောက်လုံး ကြည့်လို့ကောင်းနေကြတယ်" ဟု ကျွန်တော်ပြောနေတုန်း Arthit တယောက် အဖြူရောင် ရှပ်ကို ဂျင်းအကျပ်အမဲနှင့်တွဲဝတ်ပြီး ဆင်းလာသည်ကို တွေ့လိုက်ရသည်။" ငါက အသဲစားဘီလူးလား...ဒါမှမဟုတ် ဘာလဲ..."
ဟု သူက စလာသဖြင့် ကျွန်တော်လည်း " အင်း အသဲစားဘီလူးလေ...ငါ့အသဲကိုစားထားတာ" ဟု ပြန်နောက်လိုက်သည်။
ထို့နောက် ကျွန်တော်တို့မိသားစု လေးယောက် ကလေးတွေတက်ရမည့် မူကြိုကျောင်းသို့ ထွက်လာခဲ့လိုက်တော့သည်။မူကြိုရောက်တော့ ကျောင်းထဲကို ဝင်ဝင်ချင်းတွင် စားပွဲခုံ တလုံးချ၍ ထိုင်နေသော ဆရာမများကို
တွေ့လိုက်ရ၍ ထိုနေရာသို့ တန်းသွားလိုက်သည်။********************************
တိုမှန်းသိတယ် ခွင့်လွှတ်ကြ
စိတ်နဲ့လူနဲ့မကပ်ဖြစ်နေလို့