7

1.3K 94 1
                                    

Kong'Pov

**********

*တွန့်ကွင်းထဲက KOng ရဲ့စိတ်ထဲက Wolf ပြောထားတာတေပါ*

{ မင်း လုပ်နိုင်ခဲ့တာ ငါတော့ မယုံနိုင်ဘူး} ဟု ကျွန်တော်ရဲ့ wolf က ပြောလာသည်။ သူစိတ်တိုနေသည်လေ...ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ Arthit ဆက်ဆံနေတဲ့ အချိန်က သူ့ကို ထိန်းချုပ်ဖို့ ခွင့်မပြုခဲ့ဘူးလေ.....

ဒါပေမဲ့ ကျွန်တော်တို့ တကယ်ပဲ ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့ကြသည်။ ကျွန်တော်ပျော်ပါသည်။

ကျွန်တော့်အတွေးထဲကထွက်လိုက်ကာ Arthit ကိုကြည့်လိုက်တော့ Sofa ပေါ်တွင် ထဖို့ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သူ့ရဲ့ဗိုက်က အခုဆို ၂လရှိနေပါပြီ.....ထို့ကြောင့် သူ့ခမျာ အထိုင်အထ ခက်နေရှာသည်။

ထိုစဉ်...Aim ဆီမှ ဆက်သွယ်လာသည်။ ကျွန်တော်တို့ wolf အချင်းချင်းဆက်သွယ်လျှင် တယ်လီပသီ နည်းဖြင့် ဆက်သွယ်၍ရသည်။  ယခုလဲ Aim က ထိုနည်းဖြင့် လှမ်းပြောလာခြင်းသာ....

[ Aim-ဟေး.....ငါ့ကိုMay ကို သွားကြည့်ပေးပါလား...ငါ အစည်းအဝေးရှိနေလို့]

[Kong-ok] ဟု ပြန်ဖြေပြီး Arthit အား " Arthit...ကိုယ်နဲ့ May ကို သွားတွေ့မလား..." ဟုမေးလိုက်တော့ သူကခေါင်းငြိမ့်ပြလာသည်။

Arthit- ငါ့ကို လာကူညီ....ဟု တိုးတိုးလေးပြောလာသဖြင့် ကျွန်တော် ရီပြီး သူ့အနားကို သွားလိုက်ကာ သူ့ကို ထဖို့ ကူညီပေးလိုက်သည်။

ကျွန်တော်တို့နှစ်ယောက်လဲ  May အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည်။ ခနကြာတော့ တံခါးပွင့်လာပြီး May ကို တွေ့လိုက်ရသည်။ သူမကိုမြင်ရသည်မှာ စိတ်ညစ်နေသောပုံပါ။

kong-" ဘာဖြစ်နေတာလဲ"

May- ငါ.....ကလေးကမွေးတော့မယ်ထင်တယ်....

Arthit- yayyy...... Arthit က လက်ခုပ်တီးပြီးထအော်လေသည်။

May- မကောင်းဘူး......Pack မှာ သစ္စာဖောက်ရှိနေတယ်....အဲ့ဒါကြောင့် ငါ ကလေးလေးကို ဒီနေ့ မမွေးစေချင်ဘူး.....

Kong- Ohh!!!....နင် ကလေးကို အဲ့လိုလုပ်ထားလို့မရဘူးလေ.....

ကျွန်တော် Aim ဆီကို လှမ်းပြောလိုက်မိသည်။

ကောင်​​လေးရဲ့ wolfWhere stories live. Discover now