24

813 75 6
                                    

Aim'pov

Kong တယောက် အပြေးအလွှားရောက်လာပြီး အကျိုးအကြောင်း အကုန်ပြောပြလာ၍ အစည်းအဝေးလုပ်ရန် ဆင့်ခေါ်လိုက်ရသည်။ မိနစ်အနည်းငယ်ကြာသောအခါ အကုန်လုံး စုရုံးရောက်ရှိလာလေတော့သည်။

" ငါ အားလုံးကို ခေါ်လိုက်ရတဲ့အကြောင်းကတော့ ငါတို့ Beta ရဲ့ Mate, Arthit ပျောက်သွားလို့ပဲ.... မကောင်းဆိုးဝါးတွေနဲ့ Hunter တွေ ဖမ်းသွားတာပဲ.... ပြီးတော့ ကလေး ၂ယောက်လဲ ပါသွားတယ်" ဟု ပြောလိုက်တော့ အကုန်လုံး ဒေါသသွေးတို့ဖြင့်ပွက်ပွက်ဆူ ကုန်ကြတော့သည်။

Aim လဲ လိုအပ်သည်များကို ပြောပြီး အကုန်လုံးကို အစီအစဉ်ချကာ သူတို့တွေ pack ကနေ Arthit ကို ဖမ်းထားသောနေရာဆီသို့ ထွက်လာခဲ့လိုက်ကြသည်။

Arthit'pov

သူတို့ ကျွန်တော့်ကို စိတ်တိုင်းကျ ရိုက်နှက် ပြီး Rape လုပ်ထားခဲ့ကြသဖြင့် ကျွန်တော် ဝမ်းနည်းစွာငို နေမိသည်။ ထိုအခြေအနေကို မနှစ်မြို့စွာပဲ တကိုယ်လုံးတုန်နေမိသည်။ ကျွန်တော် ရှိသမျှအားတွေကို သုံးကာ ကလေးတွေ ရှိနေသော နေရာသို့ ယိမ်းထိုးယိမ်းထိုးနှင့် သွားနေမိသည်။ သူတို့ကို ကြည့်ရသည်မှာ အသက်ရှိသောပုံ မရှိတော့သဖြင့် သွားကြည့်ရခြင်းပင်။ အနားရောက်မှ သူတို့ မသေသေးမှန်းသိရသဖြင့် ကျွန်တော် အတိုင်းအဆမရှိ ဝမ်းသာသွားမိသည်။

ကျွန်တော်လဲကလေးတွေအနားတွင် လဲလျောင်းရင်း တွေးလိုက်မိသည်က ကျွန်တော် ဒီနေရာကိုေ၇ာက်နေသည်မှာ ၇ နာရီ နီးပါး ရှိနေပြီဆို သည်ကို ပါ။ ကျွန်တော်တွေးနေတုန်း အပေါ်ထပ်မှ ကွဲရှသံများကို ကြားလိုက်ရသည်။ ကျွန်တော့် မျက်လုံးတွေ ထဲမှ မျက်ရည်များ ကျလာရပြန်သည်။ ကျွန်တော် Rape လုပ်ခံလိုက်ရ၍ ကျွန်တော့်ကို Kong မထိချင်တော့ဘူး... သူ မချစ်တော့ဘူး.... သူ ကျွန်တော့်ကို မုန်းသွားပြီ.... သူကျွန်တော့်ကို ပစ်သွားပြီ ဟု တွေးနေမိသောကြောင့် ကျွန်တော် အသံကျယ်ကျယ်ဖြင့် ငိုလိုက်မိသည်။ ထိုအချိန်တွင် လှောင်အိမ်တံခါးကို ဖွင့်လိုက်သံကို ကြားလိုက်ရပြီး တံခါး ပွင့်သွားတော့သည်။ ထို့နောက် ကျွန်တော် ကိုယ်လုံးတီးနှင့် လူတယောက်ကို မြင်လိုက်ရ၍ ကြောက်လန့်စွာ အော်လိုက်ပြီး နောက်သို့ ဆုတ်သွားလိုက်မိသည်။

"ငါ့ကို မထိနဲ့... ငါ့ကို မထိနဲ့...." ဟုေ အ်ာနေမိသည်။ ကျွန်တော့် ရဲ့ ပခုံးက ထိုသူ၏ ဖက်ခြင်းကို ခံလိုက်ရပြီး ကျွန်တော့ရဲ့ အော်သံလဲ တိတ်သွားရသည်။

"Baby....ကိုယ်ပါ...သူတို့တွေ သေသွားကြပြီ " ဟု ပြောလာသံကို ကြားလိုက်ရ၍ ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ Kong ရောက်လာလေပြီ။ သူက ကိုင်လာသော jacket ကို ကျွန်တော့် ကိုယ်ပေါ်ကို ခြုံလာပေးလိုက်သည်။ ကျွန်တော်လဲ ကလေးတွေ ရှိရာသို့ လှမ်းပြတော့ သူက ထိုနေရာသို့ သွားလိုက်ပြီး ကလေးတွေကို ကောက်ချီလိုက်ကာ ကျွန်တော့်နားသို့ ပြန်လာပြီး " ကိုယ်တို့ သွားကြရအောင်" ဟုပြောလာသဖြင့် ကျွန်တော်လဲ ခေါင်းငြိမ့်ပြလိုက်မိသည်။ ကျွန်တော် လက်ထဲ တွင် Marie ကို ချီထားပြီး Kong ကတော့ Sliaနဲ့ ကျွန်တော့်ကို ကိုင်ပြီး pack သို့ပြန်လာခဲ့ကြတော့သည်။

Pack ကို ခနနဲ့ ပြန်ရောက်လာခဲ့သည်။ ရောက်ရောက်ချင်းမှာပဲ Aim ရဲ့ ညီဝမ်းကွဲ ဆိုသော သူက ကျွန်တော်တို့နား သို့ လျှောက်လာပြီး ကျွန်တော့်ကို ထိရန်ကြိုးစားလိုက်သဖြင့် တုန်လှုပ်စွာပဲ "မထိနဲ့" ဟု အော်လိုက်မိသည်။ "ရှုး... အဆင်ပြေပါတယ်.... သူက ဆရာဝန်ပါ" ဟု Kong ကပြောပြီး ကျွန်တော့်ကျောကို ပွတ်ပေးလာသည်။ ဆရာဝန်က ကလေးတွေကို စစ်ဆေးပြီး သူတို့ကို ပုခက်ထဲ ထည့်ကာ ကျွန်တော့်ဆီကို လာပြီး ကျွန်တော့် ကို စစ်ဆေး ပေးလာသည်။ "အိပ်လိုက်တော့နော်.... ကိုယ် ဒီမှာရှိနေတယ်နော်" ဟု kong့ ပြောလာ၍ ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး သူ့၇င်ခွင်ထဲတွင် ဝင်ကာ မျက်လုံးကို မှိတ်ထားကာ အိပ်လိုက်တော့သည်။


ကောင်​​လေးရဲ့ wolfWhere stories live. Discover now