19

784 64 0
                                    

A/N : အရင်ဆုံး Reader တွေကို တောင်းပန်ချင်ပါတယ် update ကြာသွားတဲ့အတွက်ပါ...

ခု မဖြစ်စေရတော့ပါဘူး... နေ့တိုင်းပုံမှတ် Up သွားပါ့မယ်....

*Warning * + မမြည်တဲ့ + လေးပါ.....လို့


Kong'pov

Slia လေး ရှုပ်ပွထားသော ကြမ်းပြင်ပေါ်ရှိ အရာများကို ရှင်းလင်းနေရင်း ညည်းညူမိသည်။အရင်က ကော်ဇောတွေ ခင်းထားသော်လည်း ခုတော့ ထိုအရာတွေ အစား ကြမ်းပြင် သက်သက်သာ ရှိတော့သည်။ ကလေးတွေက ကော်ဇောတွေကို ရေချိုးခန်းထဲက ပေးမထွက်ကြသောကြောင့်သာ။.

"Slia!!!!" ဟု အော်လိုက်သော Arthit ရဲ့ အသံကို ကြားလိုက်ရသည်။လက်ထဲက ပစ္စည်းတွေကို အလန့်တကြား လွှတ်ချလိုက်ကာ လက်ကို ကပျာကယာ ဆေး၍ လှေကားပေါ်သို့ ပြေးတက်ခဲ့ရတော့သည်။ တံခါးကို ဖွင့်လိုက်တော့ သူက Slia ကို ချီထားပြီး Marie ကတော့ အောက်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

"ကောင်ဆိုးလေး" ဟု Arthit က Slia ကို ဆူပူကြိမ်းမောင်းနေသည်။ကျွန်တော် လဲ သူ့လက်ထဲက သားတော်မောင်ကို လက်လွှဲ ယူလိုက်ရသည်။ " သူတို့ ရေချိုးဖို့ လိုနေပြီ" ဟု ပြောလာ၍ ကျွန်တော်လဲ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် အောက်တွင် ထိုင်နေသော Marie ကို ပါ ကောက်ချီလိုက်ပြီး နှစ်ယောက်လုံးကို ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။

ရေချိုးခန်းထဲရောက်တော့ သူတို့ကို ကန်ထဲထည့်ကာ ရေကို ဖွင့်ချပြီး ရေပူရေအေး မျှတအောင် အရင် လုပ်လိုက်ရသည်။ Slia ကတော့ ရေထဲတွင် မာန်ဖီပြီး ရေတွေကို တဗျန်းဗျန်းဖြစ်အောင်ရိုက်နေလေသည်။ ကျွန်တော့် သမီးလေး Marie ကတော့ နှုတ်ခမ်းကို စူကာ ရေထဲတွင် လှဲနေလေတော့သည်။ ကျွန်တော်လဲ ငြိမ်နေတဲ့ သမီးလေးကို အရင် Shampoo နှင့် သူမရဲ့ အမွှေးလေးတွေကို ပွတ်သပ်ပေးရင်း ရေချိုးပေးလိုက်သည်။ ပြီးတော့မှ Slia ကိုလဲ ထိုနည်းတူပဲ လုပ်ပေးရသည်။ သမီးငယ်တုန်းကတော့ အဆင်ပြေပေမဲ့ Slia ကတော့ ရေချိုးရာမှာ နဲနဲတော့ ခက်ခဲနေသည်။ ရေချိုးပြီးတော့ ရေတွေက အေးလာပြန်သဖြင့် ကျွန်တော်လဲ သူတို့ကို ရေထဲက ထုတ်ကာ ရေခြောက်အောင်လုပ်ပေးရပြန်သည်။

ကောင်​​လေးရဲ့ wolfWhere stories live. Discover now