<author'note-ဒီfic ကလေ unnormal fic မို့လို့ ဆေးပညာအရရော သိပ္ပံပညာ အရပါ မှန်ချင်မှလဲ မှန်ပါ့မယ်နော်...ဖတ်တဲ့လူတေထဲ ဆရာဝန်တေများပါခဲ့ရင် author ကို ခွင့်လွှတ်ပါ နော်>
Arthit'pov
***********
ကျွန်တော့်ရဲ့ ကိုယ်ဝန်က ၃လခွဲကျော်လို့ ၄ လထဲရောက်နေပါပြီ။ ကျွန်တော်ရဲ့ ကိုယ်လုံး ကြီးက ဝတုတ်နေပြီး ဗိုက်ထဲတွင် wolf ကလေးလေးတေကို သယ်ထားရသည်မှာလဲ ပင်ပန်းလှပါပြီ။ kong ကတော့ လွန်လွန်ကြူးကြူးကို ဖြစ်နေပါသည်။ သိမ်းငှက်တကောင်လိုပဲ ကျွန်တော့်ကို အချိန်ပြည့်စောင့်ကြည့်နေတော့သည်။ ကျွန်တော့်ကိုကျွန်တော်လဲ ဘာမှပေးမလုပ်ပဲ သူပဲလုပ်ပေးနေပုံမှာ ကျွန်တော်ကပဲ ပေါက်ကွဲ တော့မည့် ချိန်ကိုက်ဗုံးတလုံးလိုပါ။ ကျွန်တော် သူ့အကြောင်းတွေးရင်း သက်ပြင်းချလိုက်မိသည်။ kong တယောက် အခန်းထဲ ပြေးဝင်လာတော့သည်။
"Baby...အဆင်ပြေရဲ့လား...သက်ပြင်းချသံကြားလိုက်တယ်...ကလေးမွေးချင်လို့လား...ဘယ်လောက်......"ဆိုပြ တရစပ်ပြောနေတဲ့ kong ကို စူးစိုက်ကြည့်ပြီး "ပါးစပ်ပိတ်ထား..." ဟု ပိတ်အော်လိုက်သဖြင်ြ သူပြောနေရင်းတန်းလန်းရပ်သွားတော့သည်။ "ငါလဲ...ကောင်းတယ်...ကလေးတေလဲ ဘာမှမဖြစ်သေးဘူး...ငါက ဖန်လုံးတလုံးမဟုတ်ဘူး"ဟု စိတ်ပေါက်ပေါက်ဖြင့်အော်ထည့်လိုက်သည်။
ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ ကျွန်တော် ငြီးငြူလိုက်ပြီး တံခါးရှိရာသို့ နံရံကို ကိုင်ရင်း ကွတကွတနှင့် လျှောက်သွားလိုက်သည်။ ထို့နောက် တံခါးကို ဆွဲဖွင့်လိုက်တော့ တံခါးရှေ့တွင် Aimနဲ့ may ကို ကနှေစ်ယောက်နှင့်အတူတွေ့လိုက်ရသည်။ May က "hi" ဟု နှုတ်ဆက်လာ၍ ကျွန်တော်လဲ စူပုတ်နေမိသော မျက်နှာကို လျှော့ကာ "hi"ဟု ပြန်နှုတ်ဆက်လိုက်ရသည်။ ကျွန်တော် မျက်နှာကို လူကဲခတ်တော်လှသော Aim က ရိပ်မိသွားပြီး "ဘာဖြစ်နေကြပြန်ပြီလဲ" ဟု မေးလာတော့သည်။ ကျွန်တော်လဲ "မင်းရဲ့ beta ကြီးကိုသာမေးလိုက်တော့ " ဆောင့်အောင့်ပြောပြီး အခန်းထဲသို့ ဝင်လိုက်သည်။